ဝတ်ဆင်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိပြီး ဖက်ရှင်ကျတာကတော့ ဂျင်းဘောင်းဘီဖက်ရှင်ပဲဖြစ်ပါတယ်။ ဘယ်လိုအင်္ကျီအဝတ်အစားနဲ့မဆို လိုက်ဖက်မှုရှိတာကလည်း ဂျင်းဘောင်းဘီပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီတွေကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုးခွဲခြားထားပါတယ်။ ကိုယ်ကြပ်ဂျင်းဘောင်းဘီ၊ ဒဲ့ပွဂျင်း၊ ပွလည်းမပွ ကြပ်လည်းမကြပ်တဲ့ ဂျင်းဘောင်းဘီနဲ့ ဂျင်းဘောင်းဘီအပြဲဖက်ရှင်တို့ပဲဖြစ်ပါတယ်။

Jeans ချစ်သူတွေအတွက် သိထားသင့်တဲ့ ဂျင်းဖက်ရှင်ဆိုင်ရာလေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ကိုယ်ကြပ်ဂျင်းဘောင်းဘီ

အရင်တုန်းကတော့ ကိုယ်ကြပ်ဂျင်းဘောင်းဘီတွေကို မိန်းကလေးတွေသာ ဝတ်လေ့ရှိပေမယ့် ပြောင်းလဲလာတဲ့ဖက်ရှင်ရေစီးကြောင်းအရ အမျိုးသားများလည်း ကိုယ်ကြပ်ဂျင်းဘောင်းဘီဝတ်ဆင်လာကြပါတယ်။ ဒီဘောင်းဘီဝတ်တဲ့အခါ အရမ်းကြပ်ထုပ်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ အဆင်ပြေမယ့်ဂျင်းဘောင်းဘီမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ အရမ်းကြပ်ထုပ်နေမယ်ဆို ဝတ်ရတာ သက်သောင့်သက်သာဖြစ်မှာမဟုတ်ပါဘူး။

ဒဲ့ပွဂျင်းဘောင်းဘီများ

ဒဲ့ပွဂျင်းဘောင်းဘီတွေကတော့ ဂျင်းဘောင်းဘီစပေါ်ကတည်းကနေ အခုအချိန်အထိ ခေတ်စားနေတုန်းပဲဖြစ်ပါတယ်။ ဒီဂျင်းဘောင်းဘီတွေကတော့ ပုခုံးကျယ်တဲ့အမျိုးသားတွေနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။

ပွလည်း မပွ၊ ကြပ်လည်းမကြပ်တဲ့ အနေတော်ဂျင်းဘောင်းဘီ

ဖက်ရှင်အကြိုက်က တစ်ယောက်တစ်မျိုးစီ အကြိုက်မတူတာကြောင့် ကိုယ်ကြပ်ဝတ်မှ စတိုင်လ်ကျမယ်၊ ဒဲ့ပွဝတ်မှ ဖက်ရှင်ကျတာမျိုးမဟုတ်ပါဘူး။ ဂျင်းနဲ့လိုက်မယ့် အင်္ကျီအမျိုးအစားကို ရွေးချယ်ပေးရုံနဲ့တင် လုံလောက်ပါပြီ။

ဖယောင်းသား ဂျင်းဘောင်းဘီ

ဖယောင်းသား ဂျင်းဘောင်းဘီတွေကတော့ သိပ်ခေတ်မစားသေးပါဘူး။ အမျိုးသားတွေက ပြောင်ပြောင်လက်လက်တွေ သိပ်မကြိုက်တာကြောင့် ဖယောင်းသား ဂျင်းဘောင်းဘီတွေကို သိပ်မကြိုက်ကြပါဘူး။

သူ့နေရာနဲ့ လိုက်ဖက်အောင် ဘယ်လိုဝတ်စားသင့်သလဲ။

စောစောကဖော်ပြခဲ့သလိုပါပဲ။ ဂျင်းဘောင်းဘီတွေက ဘယ်လိုအင်္ကျီအဝတ်အစားမျိုးနဲ့မဆိုလိုက်ဖက်ပါတယ်။ ပေါ့ပေါ့ပါးပါးတီရှပ်တွေနဲ့လည်း လိုက်ဖက်မှုရှိသလို Suit ဝတ်စုံတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။

ကမ္ဘာ့နာမည်အကြီးဆုံးနဲ့ အကောင်းဆုံး ဂျင်းဘောင်းဘီတံဆိပ်များ

ဂျင်းဘောင်းဘီတံဆိပ်အများအပြားရှိတဲ့အနက် Levi’s ၊ Rag And Bones ၊ A.P.C. ၊ Naudi Jeans ၊ Saint Laurent ၊ G-Star ၊ Peep Jeans ၊ Valentino ၊ Belstaff နဲ့ Versace တို့ကတော့ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ဂျင်းဘောင်းဘီတံဆိပ်တွေပဲဖြစ်ပါတယ်။

Source: Thetrendspotter.net