ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာနဲ့အမျှ လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း အများကြီးရှေ့ရောက်လာခဲ့ပါတယ်။ လူငယ်တွေရဲ့ တီထွင်နိုင်စွမ်းတွေ ကိုယ်ပိုင်အရည်အချင်းတွေကို အသိမှတ်ပြုလာသလို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာပါတယ်။

လက်ရှိ ၂၀၁၉ ခုနှစ်အတွင်းမှာ လူငယ်အများစုဘယ်လို လမ်းကြောင်းပေါ်လျှောက်နေကြလဲ၊ လူငယ်တွေကြားရေပန်းစားနေတဲ့ အလုပ်အကိုင်တွေကဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

(၁) Graphic Designer

Source : SarvGyan

နည်းပညာခေတ်ကို ရောက်ရှိလာတာနဲ့အမျှ ဒီဇိုင်းပညာရပ်ကလည်း အရမ်းကိုအရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတိုင်းအတွက် Graphic ဒီဇိုင်းဆိုတာ မပါမဖြစ်ပါပဲ။ စိတ်ကူးစိတ်သန်း ကောင်းမွန်ပြီး ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားတဲ့သူတွေအတွက် အကိုက်ညီဆုံးအလုပ်တစ်ခုဖြစ်သလို ဝင်ငွေအားဖြင့်လည်း မဆိုးဘူးလို့ ဆိုရလောက်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

(၂) Photographer

Source : Pixabay

Social Media နဲ့ ထိတွေ့ဆက်ဆံမှု အားကောင်းလာတဲ့ ယနေ့ခေတ်လူတွေရဲ့ နေ့စဉ်ဘဝမှာ ဓာတ်ပုံရိုက်ကူးခြင်းဟာလည်း မပါမဖြစ်တဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်လာပါတယ်။ လူတိုင်းလိုလို ဓာတ်ပုံရိုက်ကူးခြင်းအပေါ် ဝါသနာပါလာကြပြီး Smart Phone နဲ့ အပျော်တမ်းရိုက်ကြသလို Professional ဓာတ်ပုံပညာရှင်တွေ ငှားပြီးလည်း ရိုက်ကူးလာကြတဲ့အတွက် Photographer တွေရဲ့ ရပ်တည်မှုလမ်းကြောင်းကလည်း အရမ်းကိုအရေးပါအရာရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။

(၃) Streamer

Source : vortez.net

ယခင်က Online Game တွေ ကစားကြပေမယ့် ဝင်ငွေရတဲ့ ရပ်တည်မှုတစ်ခု မဖြစ်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာတော့ Onlime Game တွေကို ရူးရူးမူးမူးကစားလာကြတဲ့လူငယ်တွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ၊ Live Streaming ထုတ်လွှင့် ပြသမှုတွေကနေ ဝင်ငွေတွေရရှိလာကြပြီး ရပ်တည်မှုခိုင်မာတဲ့ လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း Live Streaming ကြည့်ရှု့သူ Viewer အခိုင်အမာရရှိထားပြီး Donate ရရှိတဲ့ဝင်ငွေတွေကနေ ရပ်တည်နေကြတဲ့ Streamer တွေလည်း များစွာရှိလာပြီဖြစ်ပါတယ်။

(၄) Blogger

Source : shutterstock.com

ဝင်ငွေကောင်းဆုံးနဲ့ အနုပညာရှင်တွေနီးပါး နာမည်ကြီးကြသူတွေထဲမှာ Blogger တွေလည်း ထိပ်ဆုံးက ပါဝင်လာပါတယ်။ Blogger တွေအနေနဲ့ လူတွေကို ဗဟုသုတပေးနိုင်ဖို့ရာ မိမိတို့ တတ်ကျွမ်းတဲ့ အကြောင်းအရာတွေကို Blog တစ်ခုထောင်ပြီး ရေးသားမျှဝေကြသလို အခုနောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာ ဗီဒီယိုလေးတွေပါ ဖန်တီးလာကြပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေကတော့ Beauty Blogger ၊ Travel Blogger ၊ Food Blogger စသည့်ဖြင့် ကိုယ်တတ်ကျွမ်းရာ နယ်ပယ်အလိုက်အသီးသီး လုပ်ကိုင်နေကြပါတယ်။

(၅) Web Developer

Source : Oli Harrison Music

Website တွေဟာ ယနေ့ခေတ် စီးပွားရေလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်သွေးကြောတစ်ခုဖြစ်လာပါတယ်။ Website တွေရဲ့ အသုံးဝင်မှုကို လူတွေနားလည်သဘော ပေါက်လာတာနဲ့အမျှ Web Developer လမ်းကြောင်းကလည်း ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ကိုယ်ပိုင်ဖန်တီးမှုစွမ်းရည်တွေကို အကောင်းဆုံးအသုံးချပြီး နည်းပညာအကူညီနဲ့ ပူးပေါင်းလုပ်ဆောင်ရွက်ရတဲ့အလုပ်မျိုးကို ဝါသနာပါတဲ့ လူငယ်တွေအတွက်တော့ Web Developer အလုပ်က အကိုက်ညီဆုံးအလုပ်တစ်ခုဖြစ်ပါတယ်။