ယောကျာ်းလေးတွေ ဆံပင်အရှည်ထားရင် တစ်ချို့ရှေးရိုးဆန်တဲ့လူကြီးတွေက သိပ်မကြိုက်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဆံပင်အရှည်နဲ့ကွီးတွေက တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာကိုတော့ ငြင်းလို့ရမယ်မထင်ပါဘူး။ ဒါ့အပြင် ဆံပင်အရှည်ထားမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး သပ်သပ်ရပ်ရပ်ထားမှသာလျှင် ဖက်ရှင်ကျမှာဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုတွေကိုလည်း ဆံပင်တိုတဲ့သူတွေထက် ပိုလုပ်ပေးမှရပါမယ်။

ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဆံပင်အရှည်ထားချင်တဲ့ကွီးတို့အတွက် ဘယ်လိုစတိုင်လ်လေးတွေထားလို့ရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

ဆံပင်အရှည်ကို အနောက်လှန်ဖြီးထားတဲ့စတိုင်လ်ကတော့ အသက် (၃၀) ကျော် အမျိုးသားတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ရင့်ကျက်တဲ့ပုံစံပေါက်နေစေမှာပါ။

ဆံပင်ခပ်ပြေပြေလေးကောက်နေပြီးတော့ မျက်နှာလေးထောင့်ကျတဲ့အမျိုးသားများနဲ့ လိုက်ဖက်တဲ့ဆံပင်လေးပဲဖြစ်ပါတယ်။

ဆယ်ကျော်သက်အမျိုးသားများနဲ့ လိုက်ဖက်တဲ့ ဆံပင်ဘေးခွဲ အကောက်စတိုင်လ်ပဲဖြစ်ပါတယ်။

ခပ်မိုက်မိုက်အမျိုးသားတွေကတော့ ဆံပင်အရှည်ထားရင် စတိုင်လ်ကျကျစည်းထားတတ်တာကလည်း တတ်ထားသင့်တဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ဆံပင်အရမ်းကောက်လို့ အရှည်ထားလို့မရမှာ စိုးရိမ်နေတဲ့အမျိုးသားများအတွက် အထာကျကျဆံပင်စတိုင်လ်ပါပဲ။

မျက်နှာချွန်ပြီး မေးရိုးပေါ်တဲ့အမျိုးသားများနဲ့ လိုက်ဖက်တဲ့ဆံပင်အရှည်ကိုမှ ဆံပင်အရောင်ဆိုးထားလိုက်မယ်ဆိုရင်တော့ တကယ့်ကိုမိုက်သွားမှာပါ။

ဆံပင်အလယ်ခွဲအမျိုးသားများနဲ့ လိုက်ဖက်မှုရှိတဲ့ ဆံပင်အရှည်

ပုခုံးကျော်တဲ့ကေ ထားချင်တယ်ဆိုရင်တော့ ဒီလိုပုံစံမျိုးတွေနဲ့လည်း အဆင်ပြေမှာပါ။

ပူအိုက်တဲ့အချိန်မှာ ညှပ်မပစ်ဘဲ စည်းထားလို့လည်းရပါတယ်။

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ဆံပင်စတိုင်လ်ကို ဝေမျှပြီးပြီဖြစ်တာကြောင့် ဆံပင်အရှည်ထားချင်တဲ့ကွီးတို့အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

Source: Fashionbeans.com