ဝီစကီကို ဘယ်အချိန်မှာ သောက်ဖြစ်ပါသလဲ။ အချို့ကလည်း အောင်ပွဲခံတဲ့အချိန်မျိုးမှာ အကောင်းစားဝီစကီလေးတစ်ခွက်နဲ့ ဇိမ်ခံရင်း လောကစည်းစိမ်ကို ခံစားလေ့ရှိကြပါတယ်။
အဆင့်မြင့်မြင့်နဲ့ဇိမ်ခံချင်တဲ့ ယောကျာ်းများအတွက် ကမ္ဘာ့အကောင်းစား ဝီစကီတံဆိပ်မျိုးစုံသည်လည်း မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ထိုများပြားလှတဲ့အမျိုးအစားတွေထဲကမှ ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်အများဆုံး ဝီစကီတံဆိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Speyburn

ဒီတံဆိပ်ကတော့ “ဈေးနှုန်းသင့်တင့်သော ဝီစကီ” အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။
(၂) Glen Moray

ဒီဝီစကီသည်လည်း ၁၈၉၇ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားတဲ့ဝီစကီတစ်ခုပါ။ ဒီတံဆိပ် (၁၀) မျိုးထဲမှာတော့ Classic ဆုတံဆိပ်ကို ရရှိထားတာပါ။
(၃) Craigellachie

ဒီဝီစကီကတော့ “The Best Entry-Level Whisky” ဆုတံဆိပ်ကို ရရှိထားတာပါ။
(၄) Highland Park

နှစ် ၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီဝီစကီသည်လည်း အကောင်းကြိုက်တတ်သူတွေအတွက် မေ့မထားသင့်တဲ့ တံဆိပ်တစ်ခုပါ။ ဒီနှစ်ထဲမှာတော့ “Best Whisky For The Money” ဆုတံဆိပ်ကို ရရှိထားပါတယ်။
(၅) Glenlivet

ဒီတံဆိပ်ကတော့ ၁၈၂၄ ခုနှစ်ကတည်းက စတင်မိတ်ဆက်ပေးခဲ့တဲ့ တံဆိပ်တစ်ခုဖြစ်ပြီး သင့်အနေနဲ့ ဒေါ်လာ ၅၀ အောက် ဝီစကီများကို ဝယ်ချင်တယ်ဆိုရင်တော့ ဒီတံဆိပ်ကို ရွေးချယ်နိုင်ပါတယ်။
(၆) Glenmorangie

ဒီတံဆိပ်ကတော့ အကောင်းဆုံး စကော့ဝီစကီဆိုတဲ့ ဆုတံဆိပ်ကို ရရှိပိုင်ဆိုင်ထားပါတယ်။
(၇) Teeling

၁၇၈၂ ခုနှစ်ကတည်းက အရသာမျိုးစုံသော ဝီစကီများကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အကောင်းဆုံး အိုင်းရစ်ဝီစကီအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
(၈) Johnnie Walker

ဒီတံဆိပ်ကိုတော့ မသိသူမရှိပါဘူး။ သူကတော့ အရသာအကောင်းမွန်ဆုံး ဝီစကီဆုကို ရရှိထားပါတယ်။
(၉) Oban

ဘယ်အမြည်းနဲ့မဆို လိုက်ဖက်လွန်းလှပြီး အနည်းငယ် မြည်းစမ်းသောက်သုံးကြည့်ရုံနဲ့တင် စွဲလမ်းသွားစေတာကြောင့် Best Sipping ဝီစကီဆုကို ရရှိထားတာပါ။
(၁၀) Glenfiddich

ဒီဝီစကီကတော့ “Best Whisky To Drink Neat” ဆိုတဲ့ဆုကို ရရှိထားတာပါ။
အခုဖော်ပြပေးသွားတဲ့ ဆုရဝီစကီများထဲကမှ ဘယ်အမျိုးအစားကို သင် မြည်းစမ်းကြည့်ချင်ပါသလဲ။
Source: Luxe.digital
Featured Image Source: Gurusway.com
