Hoodie လို့ ပြောလိုက်ရင် ဆယ်ကျော်သက်တွေ နှစ်နှစ်သက်သက် ဝတ်တတ်တဲ့ လူငယ်ဖက်ရှင်တစ်ခုလို့ သိကြပါလိမ့်မယ်။ ၂၀၁၀ နှစ်လယ်ပိုင်းတွေကစလို့ လူငယ်ထုအကြား ရေပန်းစားလာခဲ့တဲ့ ဒီရိုးရှင်းတဲ့ဆွယ်တာဖက်ရှင်ဒီဇိုင်းသစ်ဟာ အားကစားသမားဝတ်အဖြစ်ကနေ အဆင့်မြှင့်တင်လာတာ ဖြစ်ပါတယ်။
Hoodie တွေဟာ Casual ထည်တွေဖြစ်ပြီး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဝတ်တာ သဘောကျသူတို့အကြိုက် ဖက်ရှင်လည်း ဖြစ်ပါတယ်။ အရင်က Hoodie ဆို ပွယောင်းယောင်းကြီးတွေ ဝတ်ပြီး ကြည့်ရတာ မထော်မနမ်းနိုင်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာ Minimalism ဘက်ကို ပြောင်းပြီး ပိုဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းနဲ့ ထိုးဖောက်လာပြီ ဖြစ်ပါတယ်။ ဒီလို Hoodie ဖက်ရှင်တွေထဲကမှ ယောင်္ကျားတွေအတွက် အကောင်းဆုံး Hoodie အမှတ်တံဆိပ်တချို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) Champion Reverse Weave

Photo: Ape To Gentleman
Hoodie တွေထဲမှာ ရှေးဦးဒီဇိုင်းအဖြစ် ဖောက်ထွက်လာခဲ့တဲ့ အမှတ်တံဆိပ်က အားကစားအမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Champion ပဲ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသားအသင်းနဲ့ ပရော်ဖက်ရှင်နယ်အားကစားကလပ်တွေအတွက် အားကစားပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီပါ။ သူ့အားသာချက်က အရည်အသွေးကောင်းပြီး ရေရှည် အဝတ်ခံတာပဲ ဖြစ်ပါတယ်။ Reverse Weave ချည်ဒီဇိုင်းနဲ့ ချုပ်လုပ်ထားလို့ တော်ရုံနဲ့ မပြဲနိုင်သလို ကျုံ့သွားတာမျိုးလည်း မဖြစ်ပါဘူး။
(၂)A Day’s March

Photo: Ape To Gentleman
Quality ကောင်းကောင်းနဲ့ ရိုးရှင်းသပ်ရပ်တဲ့ Hoodie မျိုး ရှာနေရင် A Day’s March အမှတ်တံဆိပ်ကို စာရင်းထဲမှာ ထည့်စဉ်းစားသင့်ပါတယ်။ ပရီမီယံအဆင့် ထုတ်ကုန်ကိုမှ ဈေးလည်း သင့်တယ်လို့ နာမည်ကြီးတဲ့ ဆွီဒင် Brands ဖြစ်ပါတယ်။ ပေါ်တူဂီမှာ ထုတ်လုပ်ပြီး Classic Colourways ၆ မျိုးနဲ့ ထွက်ပါတယ်။ ဝတ်ရတာ ကိုယ့်ဘော်ဒီနဲ့ ပုံလောင်းထားသလို အဆင်ပြေနေပြီး ချည်သားကလည်း ထူထဲပြီး Comfy ဖြစ်ပါတယ်။
(၃) L’Estrange London

Photo: Ape To Gentleman
L’Estrange London ဟာ သက်တောင့်သက်သာရှိရှိနဲ့ ရာသီမရွေး နေရာမရွေး ဝတ်ဆင်နိုင်တဲ့ အထည်တွေ ထုတ်ပါတယ်။ ဒီအမှတ်တံဆိပ်ကနေ ထုတ်ထားတဲ့ Monochrome Hood ဆိုရင် စမတ်ဂျက်ကတ်တစ်ခုလိုမျိုး ဒီဇိုင်းထုတ်ထားပြီး တန်ဖိုးမြင့်ချည်သားနု Hoodie ရဲ့ သက်တောင့်သက်သာရှိမှုကို ခံစားရစေပါတယ်။ စမတ်ကျတဲ့ ခံစားမှုကို ပေးနိုင်ပြီး ဝတ်တဲ့သူကို မချွတ်ချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
(၄) Sunspel

Photo: Ape To Gentleman
ဗြိတိသျှအမှတ်တံဆိပ် Sunspel ဟာ တန်ဖိုးကြီးအထည်တွေ ထုတ်လုပ်တာကြောင့် နာမည်ကျော်ပါတယ်။ အရည်အသွေးမြင့် ချည်သားဒီဇိုင်းတွေကြောင့် တာရှည်အဝတ်ခံပြီး ဝတ်ရတာလည်း ချောင်ချောင်ချိချိနဲ့ အဆင်ပြေပါတယ်။ ထွက်တဲ့ ကာလာတွေကလည်း ကိုယ့်ဆီမှာ ရှိပြီးသား အဝတ်အစားအားလုံးနဲ့ အရောင်အတွဲအစပ်အဆင်ပြေစေမယ့် Neutral , Block ကာလာဒီဇိုင်းတွေဖြစ်တဲ့ အားသာချက် ရှိပါတယ်။
(၅) Reigning Champ

Photo: Ape To Gentleman
Reigning Champ က ကနေဒီယန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ တန်ဖိုးကြီး ပရီမီယမ်အားကစားဝတ်စုံတွေ အထူးထုတ်ပါတယ်။ အရည်အသွေးမြင့် ချည်ထည်နဲ့ ပစ္စည်းတွေ သုံးပြီး ကိုယ်တိုင်ဒီဇိုင်းထုတ် ဖန်တီးတာ ဖြစ်ပါတယ်။ Sportswear တွေရဲ့ အထာ သက်တောင့်သက်သာရှိမှုနဲ့ ပေါ့ပါးမှုအပြင် စမတ်ကျလို့ Gym မှာပဲ ဝတ်ဝတ် အပြင်မှာပဲ ဝတ်ဝတ် တင့်တယ်တဲ့ Hoodie တွေလို့ ပြောချင်ပါတယ်။
