အသားအရေအစိုဓာတ်ထိန်းပေးတဲ့ Moisturising ခရင်မ်ကို နေ့တိုင်း အသုံးပြုရဲ့လား။ တစ်ခါမှအသုံးမပြုဘူးဆိုရင်တော့ ဒီနေ့ကစပြီးအသုံးပြုသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း၊ ရေချိုးပြီးတိုင်း၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတို့ ရိတ်ပြီးတိုင်းမှာ မျက်နှာကအစိုဓာတ်ရရှိဖို့အတွက် Moisturising ခရင်မ်ကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။

မျက်နှာက အစိုဓာတ်မရှိဘဲ ခမ်းခြောက်နေမယ်ဆိုရင် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာပြီး အိုမင်းရင့်ရော်လာပါလိမ့်မယ်။ အစိုဓာတ်ပြည့်ဝတဲ့အသားအရေကတော့ အမြဲတမ်းငယ်ရွယ်နုပျိုနေပြီး ကျန်းမာလန်းဆန်းနေတဲ့ပုံပေါ်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ စာဖတ်သူတို့အတွက် ဘယ်လို Moisturising ခရင်မ်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

L’Oréal Men Expert

Source: ebay.com

မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အမျိုးအစားတွေထဲမှာ L’Oréal တံဆိပ်ကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီအမျိုးအစားရဲ့နာမည်အပြည့်အစုံကတော့ Men Expert White Active Power 8 Brightenig Moisturizer ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၃၂၀၀ ကျပ်ရှိပါတယ်။  မနေ့ညက ဘော်ဒါတွေနဲ့ ပျော်ပါးပြီး သောက်တာများသွားတဲ့အခါ အသားအရေကအနည်းငယ် နွမ်းနယ်နေတတ်ပါတယ်။ ဒါဆိုရင် ဒီခရင်မ်လေးသာလိမ်းပေးလိုက်ပါ။ အဆီပြန်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ Aura-Bright System နဲ့ ကယ်လ်ဆီယမ်ဓာတ်ပါဝင်ခြင်းကြောင့် မွဲခြောက်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ညီညာလှပစေတဲ့အတွက်ကြောင့် အမျိုးသားတိုင်း အားထားသင့်တဲ့ အလှအပပစ္စည်းပဲဖြစ်ပါတယ်။

Nivea Men Original Rehyrating Moisturiser

အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့ခရင်မ်အမျိုးအစားအသုံးပြုချင်တဲ့အမျိုးသားများအနေနဲ့ Nivea တံဆိပ်အသုံးပြုနိုင်ပါတယ်။ သူ့မှာ ရှားစောင်းလက်ပတ်နဲ့ ဗီတာမင် အီးဓာတ်တို့ကြွယ်ဝအောင် ထုတ်လုပ်ထားတဲ့အတွက် အသားအရေအစိုဓာတ်ကိုတစ်နေကုန်ထိန်းထားပေးမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရိုငွေ ၅ ပေါင် ဝန်းကျင်ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။

မျက်နှာသစ်ဆေးကိုမှ ဈေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းမွန်တဲ့မျက်နှာသစ်ဆေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Pretty တံဆိပ်ကို အသုံးပြုပါလို့ အကြံပေးပါရစေ။

Source: Shop.com.mm

ဒီမျက်နှာသစ်ဆေးကို သစ်ပြီးတဲ့နောက်မှာတော့ တစ်နေ့တာလုံး အစိုဓာတ်ကို ထိန်းပေးထားနိုင်ပြီး အသားအရည်ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Shaving Cream အဖြစ် အသုံးပြုနိုင်ပါသေးတယ်။ အဆီနဲ့အညစ်အကြေးများကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် Moisturising Cream မသုံးခင်မှာ ဒီမျက်နှာသစ်ဆေးလေးကို သစ်ပေးလိုက်ပါ။ ဈေးနှုန်းကတော့ ၃၀၀၀ ကျပ်နဲ့ စူပါမားကတ်တွေမှာ ဝယ်ယူနိုင်ပါတယ်။

Source: Fashionbean.com