ဖက်ရှင်ကျဖို့ ဝတ်ဆင်တဲ့အခါ မဟားတရားဈေးကြီးလွန်းတဲ့အဝတ်အစားတွေကို ဝယ်ဝတ်စရာမလိုပါဘူး။ ဈေးချိုတဲ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်ဖို့ရယ်၊ အင်္ကျီအဝတ်အစားတွေကို လိုက်ဖက်မှုရှိအောင် တွဲစပ်ဝတ်ဆင်တတ်ဖို့ပဲလိုတာပါ။

အဝတ်အစားအရောင်တွေ၊ အဝတ်အစားဒီဇိုင်းတွေကို တွဲဖက်မဝတ်ဆင်တတ်ဘူးဆိုရင် အခုပဲ ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို စလေ့လာကြည့်လိုက်ရအောင်။

မီးခိုးရောင် ဂျက်ကတ်နဲ့ နေဗီပြာရောင် ဘောင်းဘီ

ရုံးသွားတတ်တဲ့အခါ၊ အရေးကြီးအစည်းအဝေးတက်ရတဲ့အခါ စမတ်ကျကျနဲ့ မိမိုက်တဲ့စတိုင်လ်ပိုင်ဆိုင်ချင်ပါသလား။ ဒါဆိုရင် မီးခိုးရောင်ဂျက်ကတ်အင်္ကျီနဲ့ နေဗီပြာရောင်ဘောင်းဘီနှစ်မျိုးကို တွဲဖက်ဝတ်ဆင်လိုက်ပါ။

ဂျက်ကတ်အနက်ရောင်နဲ့ မီးခိုးရောင် ဘောင်းဘီ

ဘယ်အရောင်နဲ့မဆို လိုက်ဖက်မှုရှိတာကတော့ အနက်ရောင်ပဲဖြစ်ပါတယ်။ အနက်ရောင်ကို မီးခိုးရောင်နဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်မယ်ဆိုရင်တော့ ခမ်းနားတဲ့စတိုင်လ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ ဂျက်ကတ်မဝတ်ချင်ဘူး၊ ရာသီဥတုက အရမ်းပူတယ်ဆိုရင်တော့ အနက်ရောင်ရှပ်အင်္ကျီကို မီးခိုးရောင်ဘောင်းဘီနဲ့သာ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။

အစင်းကျားဂျက်ကတ်အမဲနဲ့ အညိုရောင်ဘောင်းဘီ

အမျိုးသားတွေကို ခန့်ညားမှုတိုးစေတဲ့ အရောင်ကတော့ အညိုရောင်လို့ ပြောကြပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့အရောင်ဆိုလည်း မမှားပါဘူး။ ထိုအညိုရောင်ဘောင်းဘီကို အစင်းကျားဂျက်ကတ်အမဲ (သို့) တီရှပ်အမဲနဲ့ တွဲဝတ်ပေးလိုက်ပါ။ နှုတ်ခမ်းနီမလေးတွေ လည်ပြန်ငေးနေမှာပါ၊ မယုံမရှိပါနဲ့။

အပြာရောင်ဖက်ရှင်

အပြာရောင်ချည်းပဲ ဝမ်းဆက်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အင်္ကျီကို အပြာရင့်အရောင်ဝတ်ဆင်ပြီး ဘောင်းဘီကိုတော့ အပြာနုဝတ်ဆင်ပေးလိုက်ပါ။

အင်္ကျီအကွက်နဲ့ ပြောင်ဘောင်းဘီအဖြူ

သန့်ပြန့်ခန့်ညားတဲ့စတိုင်လ် ရယူပိုင်ဆိုင်လိုပါသလား။ အဖြူရောင် ဝတ်ဆင်ပါ။ ဘောင်းဘီအဖြူရောင်ဝတ်ထားပြီး အင်္ကျီကိုတော့ အကွက်ကြီးတဲ့အဆင် ရွေးချယ်ပါ။ ကုတ်အင်္ကျီထပ်မဝတ်ချင်ဘူးဆိုရင် ရှပ်အင်္ကျီပဲ ဝတ်လို့လည်း ရပါတယ်။ ဘောင်းဘီက အဖြူရောင်ဝတ်ထားတာဆိုတော့ လိုက်ဖက်မှုရှိအောင် ဖိနပ်ကိုလည်း အဖြူရောင်ပဲဝတ်လိုက်ပါ။

Source: Fashionbeans.com