အမျိုးသမီးတွေအတွက် မိတ်ကပ်အသုံးအဆောင်ပစ္စည်းတွေက မရှိမဖြစ် အရေးပါတယ်ဆိုရင် အမျိုးသားများအတွက်တော့ ပိုက်ဆံအိတ်က အသက်သွေးကြောတစ်ခုလိုပါပဲ။ ဖက်ရှင်ဆိုတာက သင့်အဝတ်အစားတစ်ခုတည်းကိုသာ ပြောတာမဟုတ်ဘဲ ပိုက်ဆံအိတ်၊ ခါးပတ်၊ ဦးထုပ်စတဲ့ အသုံးအဆောင်ပစ္စည်းများကလည်း သင့်ကိုစတိုင်လ်ကျအောင် ကူညီပေးနိုင်ပါတယ်။

ဒါ့အပြင် ယနေ့ခေတ်မှာ ပိုက်ဆံအိတ်ကို ပိုက်ဆံတွေ၊ နာမည်ကတ်ပြားတွေ၊ ခရက်ဒစ်ကတ်တွေ ထည့်ဖို့အတွက်သာ အသုံးပြုတာမဟုတ်ဘဲ ဖက်ရှင်အတွက်ပါ ကိုင်ဆောင်လာကြပါတယ်။ အချို့လူတွေက ကိုယ် ကိုင်ဆောင်တဲ့ပိုက်ဆံအိတ်အရည်အသွေးပေါ်မူတည်ပြီး လူတစ်ယောက်ကိုအကဲဖြတ်တတ်တာကြောင့် ပိုက်ဆံအိတ်ကောင်းကောင်းလေးတစ်လုံးလည်း ကိုင်ဆောင်ထားသင့်ပါတယ်။

ဒါ့ကြောင့် အမျိုးသားထုကြီးအတွက် ကမ္ဘာ့အကောင်းဆုံး ပိုက်ဆံအိတ်အမျိုးအစားများကို ဝေမျှပေးလိုက်ရပါတယ်။

Dunhill

နွားကလေးသားရေနဲ့ ပြုလုပ်ထားတဲ့ Dunhill ပိုက်ဆံအိတ်ကဆိုရင် ရေစိုခံအောင်၊ ပွန်းပဲ့ဒဏ်ခံအောင် တီထွင်ထုတ်လုပ်ထားပါတယ်။ ချုပ်ရိုးချုပ်သားကလည်း သေသပ်လှပပြီး အကြမ်းခံတဲ့အပြင် ကိုင်ဆောင်ထားရင် အင်မတန်ဖက်ရှင်ကျတာကြောင့် လန်ဒန်မြို့မှာ လူကြိုက်အများဆုံး နံပါတ် (၁) အမျိုးအစားအဖြစ်ရပ်တည်နေတာပါ။ ဈေးနှုန်းကတော့ ယူရိုငွေ ၂၈၅ ပေါင်ရှိပါတယ်။

ASOS

အရောင်ရောစပ်ထားခြင်းမရှိဘဲ အရောင်တစ်မျိုးတည်းပါတဲ့ ပိုက်ဆံအိတ်ကို ကိုင်ဆောင်ချင်တယ်ဆိုရင်တော့ ဈေးလည်းသိပ်မကြီးဘဲ အရည်အသွေးကောင်းမွန်တဲ့ ASOS တံဆိပ် ပိုက်ဆံအိတ်ကိုသာ ရွေးချယ်လိုက်ပါ။ သူကတော့ ယူရိုငွေ ၁၂ ပေါင်သာ ကုန်ကျမှာဖြစ်ပါတယ်။

Reiss

ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ Reiss အမျိုးအစားပိုက်ဆံအိတ်ကိုလည်း မေ့မထားသင့်ပါဘူး။ သူ့ရဲ့ဈေးနှုန်းကတော့ ယူရိုငွေ ၅၅ ပေါင်ဖြစ်ပါတယ်။

Hugo Boss

Hugo Boss ကတော့ ဂျာမန်နိုင်ငံထုတ် နာမည်ကြီးပိုက်ဆံအိတ်ပဲဖြစ်ပါတယ်။ အရွယ်အစားမျိုးစုံ၊ ဆိုဒ်မျိုးစုံထုတ်လုပ်ထားပေမယ့်လည်း ဒီအမဲရောင် ခေါက်ပိုက်ဆံအိတ်ကတော့ စီးပွားရေးသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဈေနှုန်းကတော့ ယူရိုငွေ ၁၃၉ ပေါင်ကုန်ကျမှာပါ။ သူ့ကိုလည်း ခြစ်ရာ၊ ပွန်းရာဒဏ်ခံနိုင်အောင် ထုတ်လုပ်ထားတာပါ။

Ted Baker

အညိုရောင်လေးကိုမှ စွဲလမ်းနှစ်ခြိုက်တဲ့အမျိုးသားများအတွက် Ted Baker ကတော့ ကိုင်လိုက်တာနဲ့ သင့်ရဲ့ဖက်ရှင်ကို ထင်းခနဲဖြစ်စေမှာပါ။ ဈေးနှုန်းလေးကတော့ ယူရိုငွေ ၅၅ ပေါင် ရှိပါတယ်။

Mulberry

အင်္ဂလန်နိုင်ငံထုတ် Mulberry ပိုက်ဆံအိတ်အမျိုးအစားကတော့ အရည်အသွေးက ပြောစရာမလိုအောင် အထူးကောင်းမွန်လှပါတယ်။ ဈေးနှုန်းကတော့ ယူရိုငွေ ၁၉၅ ပေါင်ရှိပါတယ်။

Topman

Topman ပိုက်ဆံအိတ်ကတော့ အခြားပိုက်ဆံအိတ်တွေနဲ့ယှဉ်ရင် ဈေးနှုန်းသင့်တင့်တဲ့အထဲမှာ ပါပါတယ်။ ယူရိုငွေ ၁၈ ပေါင်ပဲရှိပါတယ်။ ဈေးသက်သာလို့ဆိုပြီး အရည်အသွေးမကောင်းမှာ မစိုးရိမ်ပါနဲ့။ စိတ်ချလက်ချသာ ဝယ်သုံးလိုက်ပါ။

Source: Fashionbeans.com