ဖက်ရှင်အကြောင်းကိုသာ ထည့်မတွက်ဘူးဆိုရင် ဆိုင်ကယ်စီးဖိနပ်များသည် လေးအီပြီး စီးရတာ သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ထိုဆိုင်ကယ်စီးဖိနပ်တွေကပဲ သင့်ရဲ့ ခြေကျင်းဝတ်နဲ့ ခြေသလုံးတို့ကို ဆိုင်ကယ်စီးနေစဉ်မှာ ဘေးအန္တရာယ်ကင်းရှင်းအောင် ကူညီပေးတာ ဖြစ်ပါတယ်။

ဖက်ရှင်ဘက်ကနေ ထည့်စဉ်းစားမယ်ဆိုရင်တော့ ဆိုင်ကယ်စီးဖိနပ်များသည် တကယ့်ကို ဖက်ရှင်ကျနေစေပြီး စတိုင်လ်မိမိုက်နေစေတဲ့ဖိနပ်အမျိုးအစားတွေပဲဖြစ်ပါတယ်။

ဆိုင်ကယ်စီးဖိနပ်များ တံဆိပ်အမျိုးအစားမျိုးစုံ၊ ဒီဇိုင်းအမျိုးအစား မျိုးစုံရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ အရောင်ရဆုံးဆိုင်ကယ်စီးဖိနပ်အချို့ကို ဝေမျှပေးချင်ပါတယ်။

Belstaff

The Best Motorcycle Boots for Fashionable Men

တစ်နေ့တာလုံး ဝတ်ဆင်လိုသူများအနေနဲ့လည်း သက်သောင့်သက်သာဝတ်ဆင်နိုင်အောင် ထုတ်လုပ်ထားတဲ့ဖိနပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

TCX X-Blend WP

The Best Motorcycle Boots for Fashionable Men

ဒီဖိနပ်ဒီဇိုင်းကတော့ ရေစိုခံအောင် ထုတ်လုပ်ထားတာဖြစ်ပြီး ခြေမျက်စိမနာအောင်လည်း ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ကျသင့်မှာဖြစ်ပါတယ်။

Taylor Stitch

The Best Motorcycle Boots for Fashionable Men

ဒီဒီဇိုင်းများကတော့ Limited Edition ဖြစ်တဲ့အတွက်ကြောင့် တစ်ကြိမ်ရောင်းကုန်သွားတာနဲ့ နောက်ထပ်ထွက်ဖို့ဆိုတာ မသေချာတော့ပါဘူး။ ဒါ့ကြောင့် အမြန်ပြေးဝယ်ထားမှ စိတ်ချရမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၄၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Dainese Dover Gore-Tex

The Best Motorcycle Boots for Fashionable Men

အီတလီနိုင်ငံထုတ်ဖြစ်ပြီး ကတ္တီပါသားနဲ့ သားရေသားနှစ်မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဆိုင်ကယ်စီးချိန်မှာလည်း ဝတ်ဆင်လို့ရသလို ဆိုင်ကယ်မစီးတဲ့ ပုံမှန်ထသွားထလာအချိန်မှာလည်း ဝတ်ဆင်နိုင်အောင် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၀ ကျသင့်မှာဖြစ်ပါတယ်။

Revival X White

 

The Best Motorcycle Boots for Fashionable Men

ဒီဖိနပ်ကတော့ ဒေါ်လာ ၇၁၀ ပေးဝယ်ရမှာဖြစ်ပါတယ်။ ဒီဇိုင်းဆန်းပြားပြီး တာရှည်ခံတဲ့ ဖိနပ်ဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

Aether

 

The Best Motorcycle Boots for Fashionable Men

ဒီဖိနပ်ကတော့ ပေါ်တူဂီနိုင်ငံထုတ်ဖြစ်ပြီး တိရစ္ဆာန်သားရေမဟုတ်ဘဲ ဟင်းသီးဟင်းရွက်သားရေဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ခြေမျက်စိနားမှာ အကာအရံလေးလုပ်ပေးထားတာကြောင့် ပွန်းပဲ့ဒဏ်ရာရမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၉၅ ပေးချေရမှာဖြစ်ပါတယ်။

Source: Themanual.com

Featured Image Source: Youdmall.ml