ပြီးခဲ့တဲ့နှစ်က ထွက်သမျှ ရုပ်ရှင်ကားကောင်းတွေ ကြည့်ဖြစ်ခဲ့ပါသလား။ ရုပ်ရှင်တွေဟာ အလွမ်းအသော စွန့်စားခန်းတွေ ၊ အက်ရှင်နဲ့ ဒရာမာတွေ စတဲ့ ခံစားချက် ရသအစုံကို ၂ နာရီခွဲ ၃ နာရီအတွင်း ခင်းကျင်းပြသသွားတဲ့ အနုပညာတွေ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ နာမည်ကျော် ရုပ်ရှင်ကားကောင်းတွေ အများကြီး ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးကို တင်ပြဖို့ အခက်အခဲ ရှိတာကြောင့် အကောင်းဆုံးလို့ Esquire က Tips ပေးထားတဲ့ ဇာတ်ကားတွေထဲက ၅ ကားကို ရွေးချယ်တင်ဆက်လိုက်ပါတယ်။

(၁) The Lighthouse

Photo: cinefriki

Robert Eggers ရိုက်တဲ့ The Lighthouse ကို သည်းထိတ်ရင်ဖို ရုပ်ရှင်ကားအဖြစ် ရှုစားရမှာပါ။ ၁၈၉၀ ပြည့်လွန်နှစ်တွေက နယူးအင်္ဂလန်ကျွန်းပေါ်က ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေအကြား ဦးနှောက်မပျက်အောင် ကြိုးစားနေထိုင်ရတဲ့သောမတ် ဝိတ်ခ်နဲ့ အက်ဖရင် ဝင်းစလိုးဆိုသူ မီးပြတိုက်စောင့် ၂ ဦးအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ ဝီလျံဒီဖိုးနဲ့ ရောဘတ်ပတ်တင်ဆန် ဖြစ်ပါတယ်။ ဒီကားလေးကို ကိုယ်တိုင်ခံစားကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

(၂) Marriage Story

Photo: medium

ဒရာမာကားတွေကြိုက်သူတွေအတွက် နာမည်ကျော် မင်းသမီး စကားလက် ဂျိုဟန်ဆန်နဲ့ အဒမ်ဒရိုက်ဘာတို့ သရုပ်ဆောင်ထားတဲ့ ဒီကားကို ကြည့်သင့်ပါတယ်။ ဘရွတ်ကလင်းက အောင်မြင်တဲ့ ပြဇာတ်ရုံ ဒါရိုက်တာ ချာလီနဲ့ မင်းသမီး နီကိုးတို့ မိသားစုအချစ်ဇာတ်လမ်းပါ။

အကောင်းဆုံး ရုပ်ရှင်ဆု ၊ ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး သရုပ်ဆောင် အမျိုးသားအမျိုးသမီး ဆုအပါအဝင် ဆု ၆ မျိုးနဲ့ ၉၂ ကြိမ်မြောက် အကယ်ဒမီမှာ ဆန်ကာတင် ပါခဲ့တဲ့ ကားဖြစ်ပါတယ်။

(၃) The Irishman

Photo: uproxx

သိပ်ညွှန်းစရာ လိုမယ် မထင်ပါဘူး။ The Irishman ဟာ I Heard You Pain Houses ဆိုတဲ့ချားလ်ဘရန့်ဒ်ရဲ့ ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာ ြဖစ်ပါတယ်။ ရောဘတ်ဒီနီရိုး ၊ အယ်ပါစီနို နဲ့ ဂျိုးပက်စီတို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေ သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

(၄) Transit

Photo: Variety

နာဇီခေတ် စစ်အတွင်း ထွက်ပြေးရင်း မာဆေးမြို့မှာ မာရီယာဆိုသူ မိန်းကလေးကို ကြိုက်သွားတဲ့ ဂျော့ချ်ဆိုတဲ့ ဇာတ်ကောင်အကြောင်းပါ။ ထရော်မာတွေ ၊ နှောင်ကြိုး ယှက်သွယ်မှုတွေအကြားက စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

(၅) A Hidden Life

Photo: flickeringmyth

ဖရန့်ဇ် ဂျာကာစတက်တာရဲ့ အကြောင်း ဖြစ်ရပ်မှန်အခြေပြု ရုပ်ရှင်ပါ။ ဟစ်တလာရဲ့ နာဇီပါတီထဲ ဝင်ပြီး ဂျာမန်ဘက်ကနေ ဒုတိယကမ္ဘာစစ်ဝင်တိုက်ပေးဖို့ အတင်းအကြပ်စေခိုင်းခံရတဲ့ ဩစတြေးလျလယ်သမားတစ်ယောက် အကြောင်း ဖြစ်ပါတယ်။

Esquire ဟာ တစ်နှစ်တာအကောင်းဆုံး ရုပ်ရှင်ကား ၅၀ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာ Apollo 11 ၊ Parasite ၊ Once Upon a Time in … Hollywood ၊ John Wick: Chapter 3- Parabellum ၊ Ford v Ferrai ၊ The Great Hack စတဲ့ နာမည်ကြီး ရုပ်ရှင်ကားများလည်း ပါဝင်ခဲ့ပါတယ်။