အမျိုးသားတော်တော်များများ ကြုံတွေ့ရတဲ့ ဦးရေပြားပြဿနာတစ်ခုကိုပြောပါဆိုရင်တော့ အဆိုးဆုံးက ဗောက်ထခြင်းပြဿနာလို့ဆိုရပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့သူတွေအနေနဲ့ ဦးရေပြားပေါ်မှာ ဖုန်နဲ့အညစ်အကြေးတွေ အများဆုံးကပ်တွယ်နေတတ်ပြီး ကုပ်လေယားလေ စိတ်ရှုပ်ဖို့ကောင်းတဲ့ ဗောက်တွေဖြစ်လာစေတာဖြစ်ပါတယ်။ ဒီလိုနေရခက်အောင် ဒုက္ခပေးတဲ့ ဗောက်တွေကို အပြတ်ရှင်းထုတ်ချင်တယ်ဆိုရင်တော့ အောက်ကနည်းလမ်းလေးတွေကို ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ရှောက်သီး

Source : fitnesstale.com

ဗောက်ပျောက်ကင်းစေမယ့် အထိရောက်ဆုံး သဘာဝနည်းလမ်းတစ်ခုကတော့ ရှောက်သီးပဲဖြစ်ပါတယ်။ ရှောက်သီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ ဦးရေပြားပေါ်ကယားယံမှုတွေ ဗောက်တွေကို ထိရောက်မှုရှိဆုံး ပျောက်ကင်းသက်သာစေမှာဖြစ်ပါတယ်။ ဗောက်ထတဲ့နေရာတွေ ယားယံတဲ့နေရာတဝိုက်ကို ရှောက်သီးစိတ်နဲ့ အနှံပွတ်ပေးပြီး ၁၅ မိနစ်ခန့်ထားကာ ခေါင်းလျှော်လိုက်ပါ။

(၂) သံလွင်ဆီ

Source : Medical News Today

ကျန်းမားရေအတွက် အများကြီးအထောက်အကူဖြစ်စေတဲ့ သံလွင်ဆီဟာ ဦးရေပြားပေါ်က ဗောက်များကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင် (၁) နာရီလောက်အလိုကတည်းက ခေါင်းတစ်ခုလုံးအနှံ့ သံလွင်ဆီကို ရွဲနေအောင်လိမ်းပြီး အဝတ်(သို့) တဘက်တစ်ခုခုနဲ့ ပတ်ကာပေါင်းတင်ထားရပါမယ်။ သတ်မှတ်ထားတဲ့အချိန်စေ့ရင်တော့ ပုံမှန်တိုင်းခေါင်းလျှော်လိုက်လို့ရပါပြီ။

(၃) ရှားစောင်းလက်ပတ်

Source : Healthline

လူသိနည်းတဲ့ ဗျောက်ပျောက်နည်းတွေထဲမှာ ရှားစောင်းလက်ပတ်လည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုဦးရေပြားအနှံ့လိမ်းပေးပြီး စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပေးရပါမယ်။ ပြီးရင်တော့ ၁၅ မိနစ်ခန့် ပေါင်းထားပြီး ခေါင်းလျှော်လိုက်ပါ။ သိသိသာသာ ဦးရေပြားယားယံခြင်းနဲ့ ဗောက်တွေ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

(၄) ပန်းသီးရှာလကာရည်

Source : Healthline

ပန်းသီးရှာလကာရည်ဟာလည်း အက်စစ်ပျော့တစ်မျိုးဖြစ်တာကြောင့် ဦးရေပြားပေါ်က ဗောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေတစ်ဖန်ခွက်နဲ့ရောပြီး ဦးခေါင်းအနှံ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခေါင်းကို ရေချိုးခန်းသုံးခေါင်းစွပ်(သို့) တဘက်နဲ့ အုပ်ပြီး ၁၀မိနစ်ခန့် ပေါင်းပေးရပါမယ်။ ပြီးရင်တော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။ ပန်းသီးရှာလကာရည်ဟာ အက်စစ်တစ်မျိုးဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာထားခြင်းကိုတော့ ရှောင်ကြဉ်ဖို့အကြံပြုချင်ပါတယ်။