သီချင်းအေးအေးလေးတွေကို Pop ဂီတထဲမှာ ထည့်ပြောကြပါတယ်။ တကယ်တော့ Pop ဂီတဟာ ရော့ခ်အင်ရိုးဩဇာအောက်ကနေ ထွက်လာတဲ့ ဂီတပုံစံသစ်တစ်မျိုးပါပဲ။ နည်းစနစ်ပိုင်းအရ သံစဉ်အေးအေးနဲ့ Memorable Melody ပါတဲ့ Indie Rock နဲ့ Rap တို့ကို Pop အဖြစ် သတ်မှတ်နိုင်ပါတယ်။

၁၉၅၀ တစ်ဝိုက်က အမေရိကန်နဲ့ ယူကေတို့မှာ ပေါ်ပေါက်ခဲ့တဲ့ မော်ဒန်ဂီတပုံစံသစ်ဟာ အခုချိန်မှာ လူကြိုက်အများဆုံး ဂီတအမျိုးအစားတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ပေါ့ပ်ဂီတသမိုင်းမှာ အကောင်းဆုံးဆိုတဲ့ သီချင်းတွေ ထောင်နဲ့သောင်းနဲ့ချီ ထွက်ခဲ့သလို Pop ဂီတလှိုင်းဟာဟာ အားအကောင်းဆုံးနဲ့ ဆန်တက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပေါ့ပ်ဂီတသမိုင်းမှာ Beatles နဲ့ Michael Jackson တို့ကို အကောင်းဆုံး Pop အဆိုရှင်တွေအဖြစ် သတ်မှတ်ကြပါတယ်။ အခုလို မျိုးဆက်ကွာခြားလာတဲ့ ၂၁ ရာစုမှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ထွက်လာခဲ့တဲ့ Pop ဂီတအမျိုးအစားထဲက အကောင်းဆုံးပေ့ါပ်သီချင်းတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) “Single Ladies (Put A Ring On It)”

Single Ladies (Put A Ring On It)

Photo: glamour

ဘီရွန်းဆေးရဲ့ Single Ladies သီချင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံးပေါ့ပ်သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။ “If you liked it then you should have put a ring on it” စာသားက မိန်းကလေးတွေအတွက် နိုင်ငံတော်သီချင်းတစ်ပုဒ်လိုပါပဲ။

(၂) “Umbrella”

Rihanna-Umbrella

Photo: MPmania

မကြာသေးခင်ကပဲ ဘီလျံနာဖြစ်သွားတဲ့ ရီဟားနား ၂၀၀၇ တုန်းက ဆိုထားတဲ့ သီချင်းပါ။ ရီဟားနားအသက် ၁၆ နှစ် သမီးအရွယ်မှာ ဆိုခဲ့တာ ဖြစ်ပြီး Jay-Z က Featuring ဆိုပေးထားတာ ဖြစ်ပါတယ်။ ရီဟားနားရဲ့ အသံပါဝါကို ကမ္ဘာက သိသွားစေတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Umbrella ဟာ ရီဟားနားကို ကမ္ဘာ့ Pop လောကရဲ့ အကြီးကျယ်ဆုံး Pop Stars တစ်ယောက်အဖြစ် ရောက်စေခဲ့သလို ပေါ့ယဉ်ကျေးမှုပုံစံသစ်ကို ဖော်ဆောင်လာခဲ့ပါတယ်။

(၃) “Shake It Off”

Shake It Off

Photo: NME

တေလာဆွစ်ဇ်ရဲ့ Shake It Off ကို ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း ထွက်ခဲ့တဲ့ Pop သီချင်းတွေထဲက အကောင်းဆုံးသီချင်းတစ်ပုဒ်အဖြစ် ဖော်ပြထားပါတယ်။ ၂၀၁၄ မှာ ထွက်ခဲ့တဲ့ ဒီသီချင်းကို အင်္ဂလိပ်သီချင်းချစ်သူတွေ ရင်းနှီးပြီး ဖြစ်မှာပါ။ MTV ကြည့်ရင် ပိုမိုက်ပါတယ်။ မြူးမြူးကြွကြွ Beat တွေနဲ့ လှုပ်ခတ်တဲ့သံစဉ်တွေအကြားမှာ ခါချလိုက်ရင်းနဲ့ လွတ်လပ်မှုကို ခဏတာ ရှာတွေ့သွားမယ့်သီချင်းပါပဲ။

(၄) “Toxic”

Britney-Toxic

Photo: thebrag

ပေါ့ပ်ဂီတဘုရင်မတစ်ပါးဖြစ်တဲ့ ဘရစ်တနီစပီးယားရဲ့ အသံနဲ့ အလိုက်ဖက်ဆုံး ပေါ့ပ်မာစတာပိစ်တစ်ပုဒ်က Toxic ပါ။ ဘရစ်တနီနဲ့ အသံအတက်အကျ ဆွဲငင်မှုနဲ့ ဆက်ဆီကျမှုဟာ အဲ့ဒီခေတ်က လူငယ်မျိုးဆက်အတွက် ရင်ခုန်တပ်မက်ဖွယ်ဖြစ်ခဲ့သလို အခုထိလည်း မရိုးနိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်နေဆဲပါ။

(၅) “Rolling In The Deep”

Adele

Photo: Mirror

အထူးချွန်ဆုံး အင်္ဂလိပ်အဆိုတော်တစ်ဦး ဖြစ်သလို ကမ္ဘာ့ရောင်းအားအကောင်းဆုံး တေးသံရှင်အဖြစ် သတ်မှတ်ခံရတဲ့ အဒဲလ်ဟာ စုစုပေါင်း ဂရမ်မီ ၁၅ ဆုအထိ သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်။ အဒဲလ်ရဲ့ Hello ၊ Someone Like You ၊ Don’t You Remember တို့လို အကောင်းဆုံးသီချင်းတွေကို ညွှန်းရင် Rolling In The Deep လည်း ပါပါတယ်။ High-Reaching ဆွဲနိုင်တဲ့ အသံပိုင်ရှင်ဖြစ်ပြီး Rolling In The Deep မှာ ဆိုသွားတဲ့ အဒဲလ်ရဲ့ Vocal စွမ်းရည်ကို ဝေဖန်ရေးသမားတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

အခုစာရင်းမှာ မဖော်ပြနိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုတာ အကောင်းဆုံး Pop သီချင်းတွေထဲမှာ ရော့ဘ်ယန်ရဲ့ Dancing On My Own ၊ The Weeknd ရဲ့ Blinding Lights ၊ ရှကီယာရဲ့ Hips Don’t Lie ၊ ဂျက်စတင် တင်းဘားလိတ်ခ်ရဲ့ SexyBack ၊ ကာလီရေးဂျက်ပ်ဆင်ရဲ့ Call Me Maybe ၊ ဘရူနိုမားစ်ရဲ့ Uptown Funk ၊ လေဒီဂါဂါရဲ့ Poker Face တို့လည်း စာရင်းထိုးဖော်ပြရမှာပါပဲ။

Featured Photo: Mirror