ဖက်ရှင်ကျတဲ့အမျိုးသားတစ်ယောက်ဆိုတာ ကိုယ်နဲ့ ဘယ်လိုအဝတ်အစားတွေက လိုက်ဖက်မှုရှိပြီး ဘယ်လိုအရောင်တွေက ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်မှုမရှိဘူးလဲ စတဲ့အချက်တွေအကုန်လုံးကို သိထားရပါမယ်။ ဖက်ရှင်ကျတယ်ဆိုတဲ့နေရာမှာလည်း အဝတ်အစားတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပါဘူး။ ဖိနပ်၊ ဦးထုပ်၊ ခါးပတ်စတဲ့ ဖက်ရှင်အသုံးအဆောင်တွေလည်း ပါဝင်ပါသေးတယ်။

ထိုဖက်ရှင်အသုံးအဆောင်တွေထဲမှာ ဖိနပ်ကတော့ သွားရလာရတာ အဆင်ပြေအောင် ကူညီပေးတာကြောင့် ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိဖို့နဲ့ လွတ်လပ်ပေါ့ပါးမှုရှိစေတဲ့ ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဖိနပ်အမျိုးအစားတွေကလည်း ညှပ်ဖိနပ်လား၊ ကွင်းထိုးဖိနပ်လား၊ ကြိုးသိုင်းဖိနပ်လား၊ ရှုးဖိနပ်လား၊ Sneakers ဖိနပ်လား စသည်ဖြင့် ရွေးချယ်စရာတွေက အမျိုးမျိုးရှိကြပါတယ်။

အရင်တုန်းကတော့ အားကစားပြုလုပ်တဲ့သူတွေသာ Sneakers ဖိနပ်တွေ ဝတ်ဆင်ကြပေမယ့် ယနေ့ခေတ်မှာတော့ အားကစားမလိုက်စားတဲ့သူတွေလည်း ဖက်ရှင်တစ်ခုအနေနဲ့ Sneakers ဖိနပ်လေးတွေ ဝတ်ဆင်လာကြပါတယ်။ Sneaker ဖိနပ်လေးတွေက ဝတ်ဆင်ရတာ ပေါ့ပေါ့ပါးပါးရှိပြီး ဘယ်လိုဘောင်းဘီဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်မှုရှိတဲ့ ဖိနပ်အမျိုးအစားတစ်မျိုးတစ်ခုဖြစ်တာကြောင့် အမျိုးသားတိုင်းမှာ ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Sneakers ဖိနပ် ကြိုက်နှစ်သက်သူများအတွက် ကမ္ဘာ့အကောင်းစား Sneakers ဖိနပ်လေးတွေနဲ့ သူတို့ရဲ့ ဈေးနှုန်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

Novesta (ယူရို ၁၁၉ ပေါင်) မြန်မာငွေ ၁၉၈၇၂၀ ကျပ်နီးပါး

Nike (ယူရို ၇၉.၉၅ ပေါင်) မြန်မာငွေ ၁၃၃၀၀၀ ကျပ်နီးပါး

Reebok (ယူရို ၇၉ ပေါင်) မြန်မာငွေ ၁၃၂၀၀၀ ကျပ်နီးပါး

Saucony (ယူရို ၇၀ ပေါင်) မြန်မာငွေ ၁၁၇၀၀၀ ကျပ်နီးပါး

Asics (ယူရို ၇၀ ပေါင်) မြန်မာငွေ ၁၁၇၀၀၀ ကျပ်နီးပါး

Spalwart (ယူရို ၂၃၅ ပေါင်) မြန်မာငွေ ၃၉၀၀၀၀ ကျပ်နီးပါး

New Balance (ယူရို ၆၀ ပေါင်) မြန်မာငွေ ၁၀၀၀၀၀ ကျပ်နီးပါး

Adidas (ယူရို ၈၅ ပေါင်) မြန်မာငွေ ၁၄၁၀၀၀ ကျပ်နီးပါး

Karhu (ယူရို ၁၀၉ ပေါင်) မြန်မာငွေ ၁၈၂၀၀၀ ကျပ်နီးပါး

Walsh (ယူရို ၁၁၅ ပေါင်) မြန်မာငွေ ၁၉၂၀၀၀ ကျပ်နီးပါး

Source: fashionbeans.com