ရိုးလက်စ်နာရီသည် ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံလက်ပတ်နာရီတစ်မျိုးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ နာရီချစ်သူ ယောကျာ်းတိုင်း ဈေးအကြီးဆုံး ရိုးလက်စ်နာရီကို ဝယ်ပတ်ချင်တဲ့ စိတ်ကူးအိပ်မက်များ ရှိကြပါတယ်။

ရိုးလက်စ်နာရီ စတင်မွေးဖွားခဲ့တဲ့ အချိန်ကတော့ ၁၉၀၅ ခုနှစ်ဖြစ်ပါတယ်။ ထိုအချိန်တုန်းက Hans Wilsdorf ဆိုသူက စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ စထုတ်တဲ့အချိန်မှာတော့ ရေစိုခံနာရီမျိုး မထုတ်လုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ၁၉၂၆ ခုနှစ်မှာ နည်းပညာအကူအညီဖြင့် ရေစိုခံနာရီအဖြစ် ထုတ်လုပ်နိုင်ခဲ့တဲ့အချိန်မှာတော့ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ထိုအချိန်မှစ ရောင်းအားကောင်းခဲ့တာဖြစ်ပါတယ်။

ကိုယ့်ရဲ့ငွေနဲ့ ဖက်ရှင်ကို ကမ္ဘာ့အကောင်းစားလက်ပတ်နာရီတစ်လုံးထံမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရိုးလက်စ်ဒီဇိုင်းများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

The Oyster Perpetual 4I

best luxury watch for men

ငွေရောင်ကိုမှ နာရီဒိုင်ခွက်မျက်နှာကို ရွှေရောင်ဖောက်ထားတာ ဖြစ်ပါတယ်။ Classic ဖက်ရှင်မျိုး ဖန်တီးချင်တဲ့ ယောကျာ်းများအတွက် ဒီမော်ဒယ်အမျိုးအစားက အသင့်တော်ဆုံးပါပဲ။ တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ ၅၉၀၀ ကုန်ကျပါလိမ့်မယ်။

Air King Oyster

best luxury watch for men

နာရီကြည့်တဲ့အခါ မိနစ်၊ စက္ကန့်တွေကို အလျင်အမြန် အတိအကျ သိချင်တယ်ဆိုရင်တော့ ရိုးလက်စ်ရဲ့ Air King မော်ဒယ်အမျိုးအစားက သင့်အတွက်ပါပဲ။ အမြင်ရှုပ်တာမျိုး မနှစ်သက်တဲ့သူတွေအတွက်တော့ ဒီမော်ဒယ်က အကောင်းဆုံးဒီဇိုင်းတော့ မဟုတ်ပါဘူး။ 3 ၊ 6 ၊ 9 ဂဏန်းသုံးလုံးကို ခပ်ကြီးကြီးရေးထားပြီး ကျန်မိနစ်ဂဏန်းများကိုတော့ အရွယ်အစားသေးကာ ရေးထားတာကို တွေ့မြင်ရမှာပါ။ တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၆၄၅၀ ပေးဝယ်ရပါလိမ့်မယ်။

Milgauss Oyster

best luxury watch for men

ဒီမော်ဒယ်မှာတော့ အခြားသော နာရီအမျိုးအစားများတွင် တွေ့ရခဲတဲ့ နာရီဒိုင်ခွက်အရောင်လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တမူထူးခြားတဲ့အပြင် မိနစ်ဂဏန်းများကိုလည်း အမြင်ရှင်းအောင် ဒီဇိုင်းထုတ်ထားတဲ့အတွက်ကြောင့် သူ့ရဲ့တန်ဖိုးက အနည်းငယ် မြှောက်သွားပါလိမ့်မယ်။ ဒေါ်လာ ၈၃၀၀ ကုန်ကျသွားပါလိမ့်မယ်။

Submariner Date

best luxury watch for men

နာရီမော်ဒယ်ရဲ့ ဒီဇိုင်းနာမည်ကိုက Submariner Date ဖြစ်တာကြောင့် သူ့ရဲ့ရေစိုခံနှုန်းကို လျော့တွက်လို့မရပါဘူး။ အမှောင်မှာ အဏုမြူအလင်းရောင်ဖြင့် အလင်းပေါ်အောင် ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဘယ်လောက်ပဲ ရေနက်ထဲ ရောက်နေပါစေ ဘယ်လောက်ပဲ မှောင်မဲနေပါစေ အလင်းရောင်တစ်ခုကိုတော့ မြင်ရမှာဖြစ်ပါတယ်။

တီထွင်မှု ပိုမိုဆန်းသစ်လာသည်နှင့်အမျှ သူ့ရဲ့ဈေးနှုန်းကလည်း တဖြည်းဖြည်း မြင့်တက်သွားတာကြောင့် သူ့ကိုတော့ ဒေါ်လာ ၁၄၃၀၀ ပေးဝယ်ရပါလိမ့်မယ်။

The Cosmograph Daytona

best luxury watch for men

နာရီဆိုရင် အနက်ရောင်လက်ပတ်ကြိုးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီမော်ဒယ်က အသင့်တော်ဆုံးပါပဲ။ သူ့ကိုတော့ ဒေါ်လာ ၂၉၇၀၀ ဖြင့် ပေးချေ ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့ အရောင်တွဲစပ်မှုကြောင့် လူလတ်ပိုင်းထက် လူငယ်များရဲ့ ပိုမိုအားပေးခြင်းကို ခံရတဲ့ မော်ဒယ်တစ်ခုပါ။

The Yacht-Master II

best luxury watch for men

ရွှေအိုရောင်လေးနဲ့ အပြာရောင်ကို ပေါင်းစပ်ထားပြီး နာရီဒိုင်ခွက်ထဲမှာလည်း  ပုံစံ (၃) မျိုး ထည့်သွင်းထားတာကြောင့် မိမိကြိုက်နှစ်သက်ရာနည်းလမ်းအသုံးပြုကာ အချိန်ကြည့်နိုင်ပါတယ်။ Luxury အဆန်ဆုံး မော်ဒယ်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီမော်ဒယ်က အကောင်းဆုံးပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၃၅၅၀ ကုန်ကျမှာဖြစ်ပါတယ်။

Source: Themanual.com

Featured Image Source: Spotthewatch.com