ငွေရေးကြေးရေး အဆင်ပြေပြီး ငွေပိုငွေလျှံ စုဆောင်းမိဖို့ရန်အတွက် စိတ်ကူးရှိပါသလား။ သင် တစ်ယောက်တည်း ဒီလိုစိတ်ကူးမျိုးရှိတာမဟုတ်ပါဘူး။ လူတိုင်းမှာ ဒီလိုအတွေးမျိုးရှိကြပါတယ်။
အပိုဝင်ငွေ ရရှိဖို့ရန်အတွက် ကြံဆနေတဲ့ ယောကျာ်းများအတွက် အဓိကအရေးအကြီးဆုံးကတော့ အလုပ်များများလုပ်နိုင်ဖို့ရန်အတွက် ကိုယ်ခံစွမ်းအားကောင်းဖို့ပဲဖြစ်ပါတယ်။ ကိုယ်ကာယခွန်အား လုံလောက်စွာ ရရှိပြီး အဆက်အသွယ်ကောင်းများ ရှိတယ်ဆိုရင်တော့ လက်ရှိအလုပ်အပြင် အချိန်ပိုင်းအလုပ်များကိုပါ တွဲလုပ်နိုင်ပါတယ်။
အွန်လိုင်းပေါ်မှာ စာရေးခြင်း
Photo Source: Nysba.org
သင်သည် စာကောင်းကောင်းရေးတတ်မယ်။ သင့်ရဲ့ဘာသာပြန်စကေးက ကျွမ်းကျင်နေမယ်ဆိုရင်တော့ သင့်အတွက် အလုပ်ကမရှားပါဘူး။ ကိုယ်ပိုင်ဘလော့ဂ်ထောင်ပြီးပဲ စာရေးမလား။ ဒါမှမဟုတ် မဂ္ဂဇင်းများအတွက် ဘာသာပြန်ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုတိုများ ရေးခြင်း၊ Proofreading ပြုလုပ်ခြင်း စသည်တို့ ပြုလုပ်ကာ အပိုဝင်ငွေရှာဖွေနိုင်ပါတယ်။
Graphic ဒီဇိုင်နာ
Photo Source: istockphoto.com
သင်သည် ဒီဇိုင်းပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တော့ Graphic ဒီဇိုင်နာအလုပ်သည်လည်း အချိန်ပိုင်းအလုပ်အဖြစ် လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခုပါပဲ။ ယနေ့ခေတ်မှာ Graphic ဒီဇိုင်နာအလုပ်သည်လည်း လူကြိုက်အတော်များပြီး ဝင်ငွေလည်းကောင်းတဲ့ အလုပ်တစ်ခုပါ။ သင့်မှာ Laptop တစ်လုံးနှင့် လိုအပ်တဲ့ Software များရှိရုံနဲ့တင် မိမိအားလပ်ချိန်မှာ ဒီဇိုင်းရေးဆွဲနိုင်ပါတယ်။
အွန်လိုင်းမှာ ဈေးရောင်းခြင်း
Photo Source: Freepik.com
ယနေ့ခေတ်မှာ အွန်လိုင်းရှော့ပင်းတွေသည် အတော်အတန်ခေတ်စားလာပြီး လူတန်းစားမရွေး အွန်လိုင်းကနေ ဝယ်ယူလာကြပါတယ်။ တစ်ခုရှိတာက အွန်လိုင်းမှာ ဈေးရောင်းရတာဖြစ်တဲ့အတွက် Reply ကြာလို့တော့ မရပါဘူး။ တချို့ဈေးဝယ်သူတွေက Chat Box ထဲမှာ အခုချက်ချင်းသွားမှာ အခုချက်ချင်း Reply မြန်မှ ကြိုက်တာမျိုးပါ။ သင့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ အဆင်ပြေ မပြေ အရင်ချိန်ညှိကြည့်ပါ။ သင့်အနေနဲ့ ၂၄ နာရီ Reply မမြန်နိုင်ဘူးဆိုရင်တော့ သူငယ်ချင်းနဲ့ စပ်တူပေါင်းလုပ်ဖို့ အကြံပေးချင်ပါတယ်။
အွန်လိုင်းမှာ စာသင်ခြင်း
Photo Source: Wgu.edu
သင့်ရဲ့အကျွမ်းကျင် အပိုင်နိုင်ဆုံးအရည်အချင်းတစ်ခုကို စဉ်းစားလိုက်ပါ။ နည်းပညာပိုင်း ကျွမ်းကျင်တာလား (သို့) ဘာသာစကားပိုင်း ကျွမ်းကျင်တာလား စသည်ဖြင့် စဉ်းစားပြီးတော့ မိမိအားလပ်တဲ့အချိန်မှာ စာသင်ဖို့ အချိန်ဇယားဆွဲပါ။ ကိုဗစ်ကာလနောက်ပိုင်းမှာ လူအတော်များများက အွန်လိုင်းမှာ စာသင်ခြင်းသည် သွားရလာရတာသက်သာခြင်း၊ အချိန်ကုန် လူပင်ပန်းသက်သာခြင်းတို့ကြောင့် Online Learning ကို သဘောကျလာကြပါတယ်။ သင့်အနေနဲ့ ထိုအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ပါတယ်။
အိမ်အငှားဝန်ဆောင်မှု
Photo Source: Thebalancesmb.com
သင့်မှာ အိမ်အပိုတစ်လုံး (သို့) တိုက်ခန်းအပိုတစ်လုံးရှိမယ်ဆိုရင်တော့ ထိုတိုက်ခန်းကို သင့်ရဲ့Facebook မှာ ကြော်ညာပြီး အိမ်အငှားရှာနိုင်ပါတယ်။ သင့်ရဲ့တိုက်ခန်း (သို့) အိမ်ကို Decoration များများဆင်ပြီး ပြင်ဆင်နိုင်လေ ဈေးများများတင်ပြီး ငှားနိုင်လေပါပဲ။ ဒီလိုအိမ်ငှားဖို့အတွက်ဆိုရင်တော့ အိမ်ရှင် အိမ်ငှားဥပဒေကိုလည်း နောကျောနေအောင် လေ့လာထားဖို့လိုပါတယ်။
သင့်ရဲ့ဝါသနာနဲ့ ကိုက်ညီတဲ့ အချိန်ပိုင်းအလုပ်ကို ရှာဖွေပြီး အပိုဝင်ငွေများများ ဝင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source: Blog.nationwide.com