လူတစ်ကိုယ် အကြိုက်တစ်မျိုး၊ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားလေးအတိုင်းပဲ အချို့က ကျောပိုးအိတ်တွေ ဝယ်ယူစုဆောင်းရတာ ကြိုက်နှစ်သက်ပြီး အချို့ကတော့ နာရီ၊ အချို့ကတော့ ဖိနပ်များ ဝယ်စုရတာ ကြိုက်နှစ်သက်ကြပါတယ်။
ဘော်ဒါတို့ရော ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေ ဝယ်စုရတာ ကြိုက်နှစ်သက်ကြပါသလဲ။
တကယ်လို့ Sneaker ဖိနပ်တွေ ဝယ်စုရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ဘော်ဒါတို့အကြိုက်နဲ့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။
ကမ္ဘာပေါ်မှာ လူကြိုက်များ နာမည်ကြီးတဲ့ Sneaker ဖိနပ်များ အများအပြားရှိတဲ့အနက် ကမ္ဘာ့အရောင်းရဆုံး Sneaker ဖိနပ်တွေက ဘယ်ဖိနပ်တွေဖြစ်မလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
Nike
ကမ္ဘာ့လူကြိုက်အများဆုံး နံပါတ်တစ်နေရာမှာ ရပ်တည်နေတာကတော့ Nike ဖိနပ်ပဲဖြစ်ပါတယ်။ Nike ကတော့ ဈေးကွက်ကို ဘယ်လိုချဲ့ထွင်ရမယ် လူကြိုက်များအောင် ဒီဇိုင်းအဆန်းတွေ ဘယ်လိုဖန်တီးရမလဲဆိုတာ နောကျေနေပါပြီ။
Adidas
ဒုတိယလူကြိုက်အများဆုံးကတော့ Adidas ဖြစ်ပြီး အထူးသဖြင့် အားကစားသမားတွေရဲ့ မျက်စိကျခြင်းကို ခံရတဲ့ Sneaker ဖိပ်ပဲဖြစ်ပါတယ်။
Converse
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ Converse ကတော့ ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းတွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ အမြင်အာရုံကို ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။
Common Porjects
ဒီဖိနပ်ကိုတော့ ၂၀၀၄ ခုနှစ်မှာ နယူးယော့ခ်မြို့တွင် စတင်ရောင်းချခဲ့တာဖြစ်ပြီး ဈေးကြီးပေမယ့်လည်း အမျိုးသားများရဲ့ အလုအယက်ဝယ်ယူအားပေးခြင်းကို ခံခဲ့ရပါတယ်။
Balenciaga
ဖိနပ် ဝယ်တဲ့အခါ လေးပြီး သက်သောင့်သက်သာမရှိတဲ့ ဖိနပ်မျိုးကို လူအများက ရှောင်လေ့ရှိပါတယ်။ ဒီ Balenciaga ဖိနပ်ကတော့ အောက်ခံဖိနပ်ပြားက လေးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းစီးကြည့်တဲ့အခါ ပေါ့ပါးလှတာကြောင့် လူအများ ကြိုက်နှစ်သက်ကြပါတယ်။
New Balance
Balencigag နဲ့ အပြိုင် Sneaker ဖိနပ်ကတော့ New Balance တံဆိပ် Sneaker ဖိနပ်များပဲဖြစ်ပါတယ်။
Puma
အင်္ကျီတံဆိပ်မှာသာမက ဖိနပ်တံဆိပ်တွေမှာပါ နာမည်ကြီးတာကတော့ Puma ဖိနပ်တွေပါပဲ။ ဖက်ရှင်ကျပြီး ပေါ့ပါးတဲ့အတွက်ကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။
Vans
၁၉၆၀ ပြည့်နှစ်ကျော်ကနေ ယခုအချိန်အထိ လူကြိုက်များနေဆဲ ဖိနပ်တွေထဲမှာ Vans တံဆိပ်လည်း ပါဝင်ပါတယ်။
Air Jordan
Nike ကနေ မွေးထုတ်ပေးလိုက်တဲ့ ဖိနပ်တံဆိပ်ကတော့ Air Jordan ဖြစ်ပြီး ၁၉၈၄ ခုနှစ်ကနေ ယခုအချိန်အထိ လူကြိုက်များနေဆဲပါပဲ။
Reebok
ဒီဇိုင်းမျိုးစုံနဲ့ စတိုင်လ်ကျနေတဲ့ Reebok ဖိနပ်ကလည်း မခေလှပါဘူး။ သူ့ကိုတော ၁၈၉၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာတော့ ကုမ္ပဏီကြီးတစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့ကာ ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။
Gucci
တကယ့် Luxury ဆန်ဆန် ဇိမ်ခံအသုံးအဆောင်ပစ္စည်းအဖြစ် သုံးစွဲချင်သူများအတွက် ဖက်ရှင်လည်းကျ ဒီဇိုင်းလည်းမိုက်တဲ့ Gucci ဖိနပ်က အကြိုက်တွေ့စေမှာပါ။
ဘော်ဒါတို့ရော ဘယ်လိုဖိနပ်တံဆိပ်တွေကို အရူးအမူးစွဲလမ်းနှစ်သက်သလဲဆိုတာ ဝေမျှပေးခဲ့ကြပါဦး။
Source: Fashionbeans.com