ဖိနပ်အမျိုးအစားတွေဆိုတာ အင်္ကျီအဝတ်အစားဒီဇိုင်းပေါ်မူတည်ပြီး ပြောင်းလဲဝတ်ဆင်ရတဲ့အရာပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်ပုဆိုးဝတ်တဲ့အချိန်မှာ ရှုးဖိနပ်ကြီးတကားကားနဲ့ ဝတ်ဆင်လို့မရသလို၊ အနောက်တိုင်းဝတ်စုံပြည့် ဝတ်တဲ့အခါမှာလည်း ကတ္တီပါဖိနပ်ကြီးနဲ့ဆို လိုက်ဖက်မှုမရှိပါဘူး။ ပြေးလွှားလှုပ်ရှားပြီး အားကစားလုပ်ရတဲ့အခါမှာလည်း အားကစားဖိနပ်ကသာ အသင့်တော်ဆုံးပါပဲ။
စာဖတ်သူတို့ရော ဖိနပ်ဝယ်ရင် စတိုးဆိုင်မှာ တကူးတကသွားဝယ်လေ့ရှိပါသလား။ ဒါမှမဟုတ် အွန်လိုင်းရှော့ပင်းပေါ်ကပဲ မှာလေ့ရှိတာလား။
ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး Sneaker ဖိနပ်စတိုးဆိုင်တွေပဲဖြစ်ပါတယ်။ ကမ္ဘာပတ်ဈေးဝယ်ဖြစ်တဲ့အခါ အခုဖော်ပြပေးမယ့်ဆိုင်တွေမှာ ဝင်ဝယ်လို့လည်း ရသေးတယ်နော်။
Footpatrol
Footpatrol ဆိုတဲ့ဆိုင်ကတော့ လန်ဒန်မြို့မှာတည်ရှိတဲ့ ဖိနပ်ဆိုင်ပဲဖြစ်ပါတယ်။ Sneaker ဖိနပ်ချစ်သူတွေအတွက် ဘုံဗိမာန်တစ်ခုဆိုလည်း မမှားပါဘူး။
Sneakersnstuff
ဒီဖိနပ်ဆိုင်ရဲ့ ပင်ရင်းဆိုင်ကတော့ ဆွီဒင်မှာတည်ရှိတာပါ။ လန်ဒန်မှာကတော့ သူ့ရဲ့ဆိုင်ခွဲပေါ့။ ဒီမှာ အားကစားဖိနပ်မျိုးစုံလည်း ဝယ်ယူနိုင်တဲ့အပြင် တကူးတကရှော့ပင်ထွက်ဖို့ဝါသနာမပါတဲ့သူတွေကတော့ အွန်လိုင်းကနေလည်း မှာယူလို့ရတဲ့ဆိုင်ပါပဲ။
Hanon
စကော့တလန်နိုင်ငံရဲ့ နံပါတ်တစ် ဖိနပ်ဆိုင်ကတော့ Hanon ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်က ခမ်းနားလှပတဲ့အပြင် ဖိနပ်တစ်ခုတည်းသီးသန့်ရောင်းတာမဟုတ်ဘဲ အင်္ကျီအဝတ်အစားတွေလည်း ဝယ်ယူရရှိနိုင်ပါသေးတယ်။
Transalpino
အားကစားချစ်သူတွေအတွက် ဘောလုံးဖိနပ်မျိုးစုံ၊ အားကစားဖိနပ်မျိုးစုံကို တစ်နေရာတည်းနဲ့ အားလုံးရနိုင်တာကတော့ Liverpool မြို့မှာ တည်ရှိတဲ့ Transalpino ဖိနပ်ဆိုင်ပဲဖြစ်ပါတယ်။
Fight Club
ရက်ပါသမားတွေ ဝတ်တဲ့ဖိနပ်လား၊ မင်းသားတွေ၊ အနုပညာကြယ်ပွင့်တွေ စီးတဲ့ဖိနပ်မျိုးစီးချင်တာလား။ ဒါဆိုရင်တာ့ လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ Fight Club က ကွီးတို့ကို စောင့်ကြိုနေပါလိမ့်မယ်။
Foot District
ဥပရောတစ်ခွင် ခရီးသွားရင်း ဘာစီလိုနာမြို့လေးကို ရောက်ဖြစ်တယ်ဆို Foot District ဖိနပ်ဆိုင်ထဲကို ဝင်လေ့လာလို့ရပါတယ်။ ရာစုနှစ်ကျော်လောက် ရှေးဟောင်းကျပြီး ခမ်းနားလှပတဲ့ စပိန်အဆောက်အဦးရဲ့ မြေညီထပ်မှာတည်ရှိတဲ့ဖိနပ်ဆိုင်ပဲဖြစ်ပါတယ်။
Shinzo
နာမည်က Shinzo ဆိုတော့ ဂျပန်နိုင်ငံမှာ ရှိတာလို့ အထင်မမှားလိုက်ပါနဲ့။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ တည်ရှိတဲ့ ဖိနပ်ဆိုင်ပါ။
Hoops Factory
စင်ကာပူနိုင်ငံမှာ ဈေးဝယ်ထွက်ဖြစ်တယ်ဆိုရင် Hoops Factory ဆိုင်ကို ကျော်မသွားကြနဲ့ဦးနော်။ အားကစားဖိနပ်တွေအပြင် အားကစားပစ္စည်းအမျိုးမျိုးလည်း ဝယ်ယူရရှိနိုင်ပါသေးတယ်။
Source: Fashionbeans.com