Sportswear လို့ ပြောလိုက်ရင် Hoodie တွေ ဂျာစီတွေ နဲ့ ဖိနပ်တွေကို မြင်မိကြမှာပါ။ နောက်တစ်ခု မေးချင်တာက ဘယ်တံဆိပ်တွေကို ပြေးမြင်မိပါသလဲ။ ကမ္ဘာပေါ်က နာမည်အကြီးဆုံး Sportswear brand တွေက ဘာတွေများပါလဲ။

(၁) Nike

Photo: apetogentleman

အမှန်ခြစ်လက္ခဏာလေးကို မြင်ရင် ဒါ Nike ပဲလို့ အားလုံး သိကြပါတယ်။ ၁၉၆၄ ခုနှစ်က စပြီး တည်ထောင်ခဲ့တဲ့ Nike brand ဟာ ကမ္ဘာ့အကြီးဆုံး အားကစားဝတ်စုံအမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဆန်းသစ်မှုရှိတဲ့ ဒီဇိုင်း ၊ နည်းပညာပိုင်း ရှေ့ပြေးမှုတွေနဲ့ အမိုက်စား မားကတ်တင်းတွေကြောင့်လည်း အခုလို နာမည်ကျော်တာပါ။

Nike ဟာ ကမ္ဘာ့အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာတွေနဲ့ တွဲပြီး ထိပ်တန်း အားကစားသမားတွေအတွက် ဖိနပ်တွေလည်း ထုတ်ပါတယ်။ Nike ထုတ် Nike Air Max 1 ၊ Nike Air Jordan စီးရီး ဖိနပ်တွေဆို လူငယ်အားလုံးရဲ့ အိပ်မက်လို့တောင် ဆိုနိုင်ပါတယ်။

(၂) Adidas

Photo: apetogentleman

Adidas ဟာ ကမ္ဘာ့အားကစားဝတ်စုံအမှတ်တံဆိပ်တစ်ခုအဖြစ် ထင်ပေါ်ကျော်ကြားလာတာ ရာစုနှစ်တစ်ဝက်ကျော်နေပါပြီ။ ဂျာမန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Adidas တံဆိပ် ထုတ်ကုန်တွေကို ဘောလုံးကွင်းတွေအပြင် လမ်းပေါ်မှာပါ ဖက်ရှင်အဖြစ် ဝတ်နေကြပြီ ဖြစ်ပါတယ်။

(၃) Satisfy

Photo: apetogentleman

အပေါ်က brand နဲ့ မတူတာက Satisfy ဟာ သက်တမ်း ၅ နှစ်ပဲ ရှိသေးတဲ့ Brand ဆိုတာပါပဲ။၂၀၁၅ ခုနှစ်မှာ Brice Partouche က တည်ထောင်လိုက်တာ ဖြစ်ပြီး Running Brand အဖြစ် နာမည်ကြီးပါတယ်။ ဒီပြင်သစ်အမှတ်တံဆိပ်ကနေ Pant တွေ ၊ ဂျက်ကတ်တွေ ၊ Sweatshirt တွေ ထုတ်ပါတယ်။

(၄) Under Armour

Photo: apetogentleman

ထိပ်တန်း အားကစားဝတ်စုံတံဆိပ်တစ်ခု ဖြစ်တဲ့ Under Armour ကတော့ အားကစားတီရှပ်တွေနဲ့ ထရက်ဆုတွေ ၊ ဖိနပ်နဲ့ တစ်ခြားဖက်ရှင်ပစ္စည်းတွေ ထုတ်ပါတယ်။ Gym သွားရင် အမြဲမြင်ရတတ်တဲ့ အမှတ်တံဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

(၅) Converse

Photo: apetogentleman

နောင်လည်း လူပြောများနေဦးမယ့် အားကစားအမှတ်တံဆိပ်တစ်ခုက Converse Chuck Taylor All Star ဖိနပ်တွေပါ။ Sneaker သမိုင်းမှာ အကျော်ကြားဆုံး ဖိနပ်တွေ ဖြစ်ပါတယ် ။ ဒီဖိနပ်တွေကို ထုတ်တဲ့ Converse ကလည်း ကမ္ဘာ့ထိပ်တန်း Sportswear တစ်ခုပါပဲ။