တစ်ပတ်လျှင် ဘယ်နှရက်ခန့် အားကစားပြုလုပ်ဖြစ်ပါသလဲ။ တစ်ရက်မှ မပြုလုပ်ဖြစ်ဘူးဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ အားကစား ပုံမှန်ပြုလုပ်သူနှင့် အားကစား မပြုလုပ်သူတို့အကြား ကွာခြားချက်ကို သင် အသက်အရွယ်ရလာတဲ့အခါ သိလာပါလိမ့်မယ်။

အားကစားအဝတ်အစား၊ အားကစားဖိနပ်၊ အားကစားကိရိယာများ စသည်ဖြင့် ပစ္စည်းအမျိုးမျိုးရှိသလို ထိုပစ္စည်းအသုံးအဆောင်တွေရဲ့တံဆိပ်တွေကလည်း အများအပြားရှိကြပါတယ်။

မြောက်မြားစွာသော တံဆိပ်တွေထဲကမှ လူကြိုက်အများဆုံးနှင့် အကောင်းဆုံးအားကစားတံဆိပ်များကို ဖော်ပြပေးချင်ပါတယ်။

Nike

best sportwear for men

Nike ထက်ကောင်းတဲ့ အားကစားတံဆိပ်က ဘယ်တံဆိပ်ဖြစ်မလဲဆိုတာ စဉ်းစားနေပါသလား။ မစဉ်းစားပါနဲ့တော့။ ဘာ့ကြောင့်လဲဆိုတော့ သူ့ထက်ကောင်းတဲ့တံဆိပ် ကမ္ဘာပေါ်မှာ မပေါ်သေးလို့ပါ။

Adidas

best sportwear for men

ဈေးကွက်ထဲမှာ Nike နဲ့အပြိုင် ရပ်တည်နေတာကတော့ Adidas ပါ။ ကမ္ဘာကျော်အနုပညာရှင်များသည်လည်း Adidas နဲ့အတူ လက်တွဲကာ ဒီဇိုင်းအသစ်များ ဖန်တီးလျက်ရှိပါတယ်။

Reebok

best sportwear for men

ဒီတံဆိပ်ကတော့ ၁၉၅၈ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့ပေမယ့် ၁၉၈၀ ခုနှစ်တွေကျမှ လူကြိုက်များလာတဲ့ဖိနပ်ပါ။

Puma

best sportwear for men

Rudolf နဲ့ Adolf Dassler ညီအစ်ကိုနှစ်ဦးက အားကစားတံဆိပ်တစ်ခုတည်းကို အတူတူတည်ထောင်ခဲ့ကြတာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူတို့ဆက်ဆံရေးက ခါးသက်လာတဲ့အတွက်ကြောင့် ညီအစ်ကိုနှစ်ဦးသည် ကိုယ့်လမ်းကိုယ်လျှောက်ကာ လမ်းခွဲလိုက်ကြပြီး တစ်ယောက်က Adidas တံဆိပ်ကို တည်ထောင်ကာ အခြားတစ်ယောက်ကတော့ Puma တံဆိပ်ကို တည်ထောင်လိုက်ပါတယ်။

Adidas သည် အရင်ဆုံး နာမည်ကြီးလာခဲ့တယ်ဆိုပေမယ့်လည်း Puma တံဆိပ်သည်လည်း ခေသူတော့မဟုတ်ပါဘူး။

Asics

best sportwear for men

ဒီတံဆိပ်ကတော့ လက်တင်ဘာသာစကားဖြစ်တဲ့ “Anima Sana In Corpore Sano” အဓိပ္ပာယ်ကတော့ လူတစ်ယောက်သည် ကိုယ်ရော စိတ်ပါ ကျန်းမာဖို့အတွက် ဆုတောင်းသင့်တယ် လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတံဆိပ်ကိုတော့ “Onitsuka Co.” က ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာပါ။

New Balance

best sportwear for men

ဖိနပ်ပေါ်မှာ “N” ဆိုတဲ့ စကားလုံးအကြီးကြီး ရေးထိုးထားခြင်းသည် ဝယ်ယူသူတို့ကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နေပါတယ်။

Salomon

best sportwear for men

သင့်အနေနဲ့ ဒီဇိုင်းဆန်းဆန်းလေးကိုမှ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Salomon တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။

Champion

best sportwear for men

ဒီတံဆိပ်ကတော့ ၂၀၁၉ ခုနှစ်မှာဆိုရင် စတင်တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။ သူသည်လည်း Nike ၊ Adidas တို့နဲ့အပြိုင်ပါပဲ။

Converse

best sportwear for men

ဖိနပ်ချစ်သူများအကြားမှာ ခေတ်စားနေတဲ့ ဖိနပ်တံဆိပ်တွေထဲမှာ Converse သည်လည်း တစ်ခုအပါအဝင်ပါပဲ။

Fila

best sportwear for men

ဒီတံဆိပ်ကို စတင်တည်ထောင်ခဲ့သူများကတော့ အီတလီညီအစ်ကိုနှစ်ဦးဖြစ်ပြီး ၁၉၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ အခုမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ရုံးချုပ်ရှိနေပါတယ်။

Lululemon Athletica

best sportwear for men

အားကစားလုပ်တဲ့အခါ ချွေးအရမ်း ထွက်မှာပါပဲ။ ဒီတံဆိပ်ကတော့ ချွေးထွက်သန်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ၁၉၉၈ ခုနှစ်တွင် Lululemon က စတင်တည်ထောင်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အားကစားဖက်ရှင်ကနေ တစ်ချိန်တည်းမှာပဲ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်အောင်လည်း တီထွင်ထားပါတယ်။

Columbia

best sportwear for men

အားကစားအပြုလုပ်ဆုံး နိုင်ငံတွေထဲမှာ ကိုလံဘီယာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီတံဆိပ်ကိုတော့ ၁၉၃၈ ခုနှစ်က နာဇီ ဂျာမနီများလက်ထဲကနေ ထွက်ပြေးလာကြတဲ့ ဂျူးလူမျိုး ပြောင်းရွှေ့နေထိုင်သူတွေက စတင်တည်ထောင်ခဲ့ကြတာပါ။

Under Armour

best sportwear for men

အားကစားပြုလုပ်နေချိန်မှာ ကြည့်ကောင်းနေချင်တယ်ဆိုရင်တော့ Under Armour ကို ရွေးချယ်သင့်ပါတယ်။ သူ့အားကစားဖိနပ်သည် အခြားသောတံဆိပ်များကဲ့သို့ အရောင်းမသွက်ပေမယ့် လူကြိုက်များတဲ့အထဲမှာတော့ ပါဝင်ပါသေးတယ်။

Oakley

best sportwear for men

ဒီတံဆိပ်ကတော့ နေကာမျက်မှန်နဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ စက်ဘီးစီးတဲ့အခါ ဝတ်ဆင်တဲ့နေကာမျက်မှန်၊ အခြားသောမျက်မှန်အမျိုးအစားများ၊ ဂေါ့ဖ်အသုံးအဆောင်များ၊ ဘေ့စ်ဘောနှင့် အခြားသောအားကစားအသုံးအဆောင်များအတွက် ဒီတံဆိပ်သည် အရွေးချယ်သင့်ဆုံးထဲမှာ ပါဝင်ပါတယ်။

Source: Fashionbeans.com

Featured Image Source: Fashionbeans.com