ကူးစက်ရောဂါအန္တရာယ်တွေကြားထဲကနေ ချန်ပီယံလိဂ်ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ ဘေယန်မြူးနစ်အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့ပြီး စံချိန်တင်နိူင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း (၆) ကြိမ်မြောက်ရယူနိူင်ခဲ့ပြီး ရီးရဲမက်ဒရစ် (၁၃) ကြိမ်၊ အေစီမီလန် (၇) ကြိမ် တို့ရဲ့နောက် လီဗာပူး (၆) ကြိမ်နဲ့အတူ အဆင့် (၃) နေရာမှာရပ်တည်နေပါတယ်။
Goal ကရွေးချယ်ထားတဲ့ ချန်ပီယံလိဂ် အကောင်းဆုံးအသင်းမှာတော့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပါဝင်ခဲ့ခြင်းမရှိဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်အသင်းမှ ကစားသမားအများစုပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
Goal ကနေပြီးတော့ ရွေးချယ်ထားတဲ့ ချန်ပီယံလိဂ် အကောင်းဆုံးအသင်းမှာပါဝင်ခဲ့တဲ့ ကစားသမားများ
(၁) ဂိုး – မန်နူရယ် နူအာ (ဘေယန်မြုးနစ်)

(၂) ညာနောက်ခံ – ဂျိုရူအာ ကင်မစ်ချ် (ဘေယန်မြူးနစ်)

(၃) ဗဟိုခံစစ်မှူး – Dayot Upamecano (RB Leipzig)

(၄) ဗဟိုခံစစ်မှူး – ဒေးဗစ် အာလာဘာ (ဘေယန်မြူးနစ်)

(၅) ဘယ်နောက်ခံ – အဲလ်ဖိုဆို ဒေးဗစ်စ် (ဘေယန်မြူးနစ်)

(၆) ညာတောင်ပံ – Serge Gnabry (ဘေယန်မြူးနစ်)

(၇) ကွင်းလယ် – သီယာဂို အဲလ်ကန်ထရာ (ဘေယန်မြူးနစ်)

(၈) ကွင်းလယ် – သောမက်စ် မူလာ (ဘေယန်မြူးနစ်)

(၉) ဘယ်တောင်ပံ – နေမာ (PSG)

(၁၀) တိုက်စစ် – ဟာလန် (ဒေါ့မွန်)

(၁၁) တိုက်စစ် – လီဝန်ဒေါစကီး (ဘေယန်မြူးနစ်)

Source: Goal.com
