အမျိုးသားအများစု Gymကစားတဲ့အခါမှာ တော်တော်များများက အောင်ပိုင်းထိုင်ရမှာပျင်းသလို အောက်ပိုင်းကစားနည်းတွေကိုကျော်ချသွားတက်ကြပါတယ်။ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေတောင့်တင်းသန်မာနေပေမယ့် အောက်ပိုင်းကတော့လေ့ကျင့်ခန်းပြုလုပ်ထားခြင်းမရှိရင် ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုရဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့် ဒီနေ့မှာတော့ Gym လည်းသွားစရာမလိုပဲ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား တောင့်တင်းသန်မာချင်ပါတယ်ဆိုတဲ့ကွီးတွေအတွက် ပြုလုပ်ပေးသင့်တဲ့ အားကစားနည်းလေးတွေကိုပြောပြပေးချင်ပါတယ်။

Squat ထိုင်ပါ

Source : www.runnersblueprint.com

ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား တောင့်တင်းသန်မာဖို့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုက Squat ထိုင်ခြင်းပါပဲ။အလေးတုံးတွေ စက်ကိရိယာတွေ နဲ့ Squat ထိုင်လို့ရသလို အိမ်မှာပဲအလွတ်တန်းပေါ့ပေါ့ပါးပါး Squat ထိုင်လို့ရပါတယ်။ Squat ထိုင်မယ်ဆိုရင်အရင်ဆုံး ခြေထောက်နှစ်ဖက်ကို အနေတော်ချဲထားပါ။ထို့နောက်လက်နှစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်ပြီး ပေါင်ကြွက်သားတွေကိုအဓိကအားပြုကာ ဖြည်းဖြည်းခြင်းဒူးနေရာကိုကွေးညွှတ်ချရပါမယ်။အဲ့ဒီနောက်မှာတော့ဖြည်းညှင်းစွာပြန်ထပေးပါ။ထိုနည်းအတိုင်းတစ်နေ့ကိုအခါ(၃၀) လေးကြော့ပြုလုပ်ပေးရပါမယ်။

စက်ဘီးနင်းပါ

Source : jmecc.com.my

စက်ဘီးနင်းအားကစားနည်းကလည်း ပေါင်နဲ့ခြေသလုံးကြွက်သားတွေကို အဓိကသန်မာစေတဲ့အားကစားနည်းတစ်ခုဖြစ်ပါတယ်။စက်ဘီးနင်းခြင်းက ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို သန်မာစေရုံသာမက သက်လုံလည်းကောင်းစေတာကြောင့်အမောခံနိုင်မှာဖြစ်ပါတယ်။ Gym သွားစရာလည်းမလိုပဲ စက်ဘီးတစ်စီးရှိရုံနဲ့ အဆင်ပြေပြေပြုလုပ်နိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။တစ်နေ့ကို အနည်းဆုံးနာရီဝက်ခန့် စက်ဘီးနင်းခြင်းဖြင့် တောင်တင်းသန်မာတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို ရရှိလာစေမှာဖြစ်ပါတယ်။

လှေကားတက်ပါ

Source : YouWorkForThem

လွယ်လွယ်ကူကူနဲ့ ငွေကြေးကုန်ကျသက်သာပြီး ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား တောင့်တင်းသန်မာချင်ရင်တော့ လှေကားတက်ပါ။လှေကားတက်ခြင်းက ခြေသလုံးကြွက်သားတွေကို အဓိကသန်မာလာစေမှာဖြစ်ပါတယ်။လှေကားတက်ရာမှာ ခပ်သွပ်သွပ်တက်ပေးပါ။တိုက်ခန်းနေသူတွေအတွက်တော့ အရမ်းကိုအသုံးဝင်မယ့်အားစကားနည်းတစ်ခုဖြစ်မယ်ထင်ပါတယ်။အကယ်၍ လှေကားတက်ဖို့အဆင်မပြေဘူးဆိုရင်တော့ ခပ်မြန်မြန်လမ်းလျောက်တာ ၊ ပြေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်။