ဖုန်းတစ်လုံး အသစ်ဝယ်ဖို့ဆိုတာ အတော်လေး စဉ်းစားရတဲ့ အရာပါ။ မဖြစ်မနေ ဖုန်းနဲ့ အလုပ်လုပ်တဲ့ သူဆိုရင်တော့ ဖုန်းတစ်လုံး ရှိထားဖို့ လိုကိုလိုပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း ဖုန်းတစ်လုံး ရှိနေတယ် ၊ အသစ်လည်း ဝယ်မယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာမှ ဝယ်သင့်ပါတယ်။

(၁) Update မရတဲ့ ဖုန်း

Source: Pixabay

ဆော့ဖ်ဝဲလ် Update Support မပေးတော့တဲ့ ဖုန်းကိုင်ထားတာဆိုရင် ဖုန်းသစ်ဝယ်ဖို့ စဉ်းစားသင့်ပါတယ်။ အကြောင်းက Security Update မရတော့တဲ့ ဖုန်းတစ်လုံးကနေ ကိုယ့်ရဲ့ အချက်အလက်တွေ လုံခြုံရေးမှာ အန္တရာယ်ရှိသလို ဖုန်းသုံးရတာလည်း စိတ်ညစ်စရာတွေ ရှိလာမှာမို့ပါ။ အခုဆို Android OS Update မရတော့မယ့် ဖုန်းတွေလည်း ရှိလာတာကြောင့် ဖုန်းသစ်ဝယ်မယ်ဆိုရင် အဲသလို ဖုန်းတွေကို ရှောင်သင့်ပါတယ်။

(၂) ဘက်ထရီလစ်သွားပြီ

Source: reshot

ဖုန်းတစ်လုံးမှာ ခဏခဏ အားမနေတော့တဲ့ ပြဿနာရှိနေရင် ၊ ဖုန်းအားသွင်းချိန် အလွန်အကျွံ ပူလာရင် အသစ်လဲသင့်ပါတယ်။ တကယ်လို့ ဖုန်းသစ်ဝယ်မယ်ဆိုရင် Type C Port ကနေ အားသွင်းလို့ရပြီး ဘက်ထရီပါဝါကြီးတဲ့ ဖုန်းတွေ ဝယ်သင့်ပါတယ်။

(၃) Storage နည်းလွန်းတဲ့ဖုန်း

Source: Pixabay

အရင်တုန်းကတော့ ဖုန်းတစ်လုံးမှာ 32GB Storage ဆိုရင်တောင် သုံးလို့ရသေးတယ် ဆိုပေမယ့် ဒီဘက်ခေတ်မှာ အနည်းဆုံး 64GB ရှိတဲ့ ဖုန်းတွေပဲ ကိုင်တာ စိတ်ချရပါတယ်။ ဒါတောင် ဖြစ်နိုင်ရင် Built-In Storage  များများပါတဲ့ ဖုန်းက ဂိမ်းနဲ့ App အကြီးတွေ ထည့်ထားဖို့ စိတ်ချရပါတယ်။

တကယ်လို့ ဂိမ်းကစားတာများတဲ့သူဆိုရင် Processor ကိုလည်း အမြင့်သုံးထားတဲ့ဖုန်း ဝယ်သင့်ပါတယ်။ ဒါပေမယ့် ဖုန်းတွေဟာ ဂိမ်းကစားဖို့အတွက် ဦးတည် ထုတ်ထားတာ မဟုတ်လို့ ဂိမ်းကစားမယ်ဆိုရင် Gaming Phone ဖြစ်ဖြစ် ဝယ်တာ ပိုကောင်းပါတယ်။

(၄) မှန်ကွဲနေပြီ

Source: Pixabay

တော်တန်ရုံ မှန်အက်တာက ပြဿနာမရှိပေမယ့် ဖုန်းတစ်လုံးမှာ Display မှာ အကွက်ထအောင် မွစာကြဲတဲ့အထိ ကွဲနေရင် အသစ်လဲလိုက်ပါတော့။ အသစ်ဝယ်ချိန်မှာလည် Gorilla Glass 5 သို့မဟုတ် 6 ကာထားတဲ့ ဖုန်း ဝယ်တာတို့ ၊ ဖုန်းကိုင်ရင် အကြမ်းခံ မှန်ကာဗာတပ်ထားတာတို့ လုပ်သင့်ပါတယ်။

(၅) မကောင်းတော့ဘူး

Source: reshot

ကင်မရာလား။ မကောင်းဘူး။

Display ရုပ်ထွက်လား ၊ မကောင်းဘူး။

ဒီဇိုင်းလား။ မမိုက်ဘူး။

Performance လား ၊ အောက်နေပြီ ဆိုရင်တော့ ဖုန်းဟောင်း/ဖုန်းသစ် အလိုက်ပေးလဲတာပဲ ဖြစ်ဖြစ် ဖုန်းသစ်ပဲ ဝယ်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။