ဟာသရုပ်ရှင်၊ အချစ်ဇာတ်လမ်း၊ သည်းထိတ်ရင်ဖိုဇာတ်ကား၊ အက်ရှင်ဇာတ်ကား၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း စသည်ဖြင့် ရုပ်ရှင်အမျိုးအစား အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ အချိန်ခရီးသွားခြင်းကို နှစ်ခြိုက်တဲ့ ရုပ်ရှင်ချစ်သူကွီးတို့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများကို ဝေမျှပေးချင်ပါတယ်။

Interstellar

ကမ္ဘာကြီးသည် အစာရေစာ ပြတ်လပ်ခေါင်းပါးလာပြီး ရောဂါဘယမျိုးစုံနှင့် နေဖို့ရန်အတွက် မသင့်တော်တဲ့နောက်မှာ သိပ္ပံပညာရှင်များသည် လူသားများနေထိုင်ဖို့ရန်အတွက် ဂြိုလ်အသစ်တစ်လုံးကို ရှာဖွေရန် တာဝန်ကျလာပါတော့တယ်။

ဒါပေမဲ့ ဂြိုလ်တစ်ခုနဲ့ တစ်ခုရဲ့အချိန်က မတူညီကြပါဘူး။ အချို့ဂြိုလ်ရဲ့တစ်ရက်တာအချိန်သည် ကမ္ဘာကြီးရဲ့ တစ်နှစ်တာအချိန်နဲ့ ညီမျှပါတယ်။ အာကာသထဲမှာ ခရီးသွားခြင်းသည်လည်း လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါဆိုရင် ထိုသိပ္ပံပညာရှင်များ ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ဂြိုလ်အသစ်ဆီသို့ ပြောင်းရွေ့နိုင်ဖို့ရန်အတွက် ကူညီနိုင်ပါ့မလား။

ဒီဇာတ်ကားကတော့ (လုံးဝ) လက်မလွတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Christopher Nolan ရိုက်ကူးထားတာပါ။

Source: Warner Bros. UI & Ireland

Palm Springs

ဒါရိုက်တာ Max Barbakow ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

သင်သည် တူညီတဲ့ တစ်ရက်တာတည်းကိုပဲ အဆုံးအစမရှိ ကြုံတွေ့နေရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်မင်းသားနဲ့ မင်းသမီးသည် တူညီတဲ့တစ်ရက်တည်းကိုပဲ အဆုံးအစမရှိ ကြုံတွေ့နေရတာပါ။ သူတို့တွေ ဒီအချိန်စက်ကွင်းထဲက လွတ်မြောက်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ Palm Springs မှာ ကြည့်ရှုရင်း အဖြေရှာလိုက်ပါ။

Source: Hulu

The Endless

ညီအစ်ကိုနှစ်ယောက်သည် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က အာသာကယာဉ်ပျံကြီးပေါ်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ထိုအာသာကယာဉ်ပေါ်သို့ အလည်ထပ်လာရန် ဗွီဒီယိုမက်ဆေ့တစ်ခု ရရှိခဲ့ပြန်ပါတယ်။ သူတို့သည် ထိုအာသာကယာဉ်ပေါ်သို့ နောက်တစ်ကြိမ်အလည်သွားတဲ့အခါ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမလဲ။

Source: Umbrella Entertainment

Midnight In Paris

ဝတ္ထုရေးဆရာနှင့် ဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ကိုင်တဲ့ Gil Pender သည် ပါရီမြို့သို့ သူ့ရဲ့သတို့သမီးလောင်းနှင့်အတူ ခရီးထွက်လာခဲ့ပါတယ်။ တစ်ညမှာတော့ သူတစ်ယောက်တည်း ပါရီမြို့ပေါ်မှာ လည်ပတ်တဲ့ခါ ထူးဆန်းတဲ့ ဂီတအဖွဲ့နှင့် တွေ့ဆုံခဲ့ပါတယ်။ ထိုဂီတအဖွဲ့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ သူတို့က အတိတ်ကဂီတအဖွဲ့လား (သို့) ပစ္စုပ္ပန်မှာ တည်ရှိနေကြတဲ့လူသားတွေဖြစ်မလား ဆိုတာတော့ ရုပ်ရှင်ကြည့်ရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Sony Pictures Classics

X-Men: Days Of Future Past

အသွင်ပြောင်း မျိုးရိုးဗီဇတစ်ခုသည် လူသားတွေကို မျိုးတုံးအောင် ဖျက်ဆီးလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဒေါက်တာ Bolivar Trask သည် စက်ရုပ်လက်နက်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ သို့သော် ထိုစက်ရုပ်လက်နက်များသည် လူသားတွေရဲ့အသက်ကို အန္တရာယ် ပြုလာတဲ့အတွက်ကြောင့် Wolverine တစ်ယောက် အတိတ်ကာလသို့သွားပြီး အကြောင်းအရာတစ်ချို့ကို ပြင်ဆင်ဖို့အကြောင်းဖန်လာပါတယ်။

အတိတ်ကအဖြစ်အပျက်တချို့ကို အောင်မြင်အောင် ပြောင်းလဲနိုင်ပါ့မလား။ အနာဂတ်မှာရော လူသားတွေကို ကယ်တင်နိုင်ပါ့မလား။

Source: X-Men Movies

Predestination

အထူးစုံထောက်တစ်ယောက်ဖြစ်တဲ့ Etan Hawke သည် လူထောင်ပေါင်းများစွာကို သတ်ဖြတ်မယ့် အကြီးစားရာဇာဝတ်ကောင်ကို အချိန်ခရီးသွားကာ သွားရောက်ဖမ်းဆီးရမှာဖြစ်ပါတယ်။ သူ့ရဲ့မစ်ရှင်က အောင်မြင်ပ့ါမလား။

Source: Sony Pictures Entertainment

Safety Not Guaranteed

ထူးဆန်းတဲ့လူတစ်ယောက်သည် သူနဲ့အတူတူ အချိန်ခရီးသွားရန်အတွက် အဖော်လိုအပ်ကြောင်း၊ သို့ပေမယ့် လုံခြုံမှုအတွက်ကိုတော့ အာမ မခံကြောင်း၊ လက်ရှိအချိန်သို့ ပြန်ရောက်ပါက ဆုငွေအမြောက်အမြား ပေးအပ်မှာဖြစ်ကြောင်းကို သတင်းစာထဲ ထည့်ကြေညာထားပါတယ်။

ထိုကြေညာစာကို တွေ့လိုက်တဲ့လူငယ်သုံးယောက်သည် အချိန်ခရီးသွားရန် ထိုထူးဆန်းတဲ့သူကို ရှာဖွေပါတော့တယ်။ သူတို့ရဲ့ခရီးက ဘယ်လိုခရီးမျိုးဖြစ်မလဲဆိုတာတော့ Safety Not Guaranteed လေးကို ကြည့်ရှုကာ အဖြေရှာလိုက်ပါ။

Source: Movieclips Trailers

Happy Death Day

ဒီဇာတ်ကားကတော့ ကိုယ့်ရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သို့သော် အကြောင်းအရာက ဒီမှာတင်ရပ်မသွားပါဘူး။ သူ(မ) အသတ်ခံရပြီးနောက်မှာ ထိုရက်တစ်ရက်တည်းကိုပဲ ထပ်တလဲလဲ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကွီးတို့သာ သူ့နေရာမှာဆို ဘယ်လိုလုပ်မလဲ။

Source: Universal Pictures All-Access

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကားတွေထဲက ဘယ်နှစ်ကားလောက် ကြည့်ဖူးပါသလဲ။