အခုလိုပူပြင်းလှတဲ့နွေရာသီမှာ မိတ်ထွက်ခြင်းဟာလည်း တကယ်ကို စိတ်အနှောက်ယှက်ဖြစ်စရာ ကိစ္စတစ်ခုပါ။ မိတ်တွေဟာ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အများစုထွက်တတ်ပြီး မိတ်ထွက်ချိန်ဆို ယားလည်းယား ကုပ်တဲ့အခါလည်း စပ်ဖျင်းဖျင်းနဲ့ တော်တော်လေးနေရဆိုးပါတယ်။ ဒီလိုစိတ်ညစ်စရာကောင်းတဲ့မိတ်တွေ ပျောက်ကင်းသက်သာပြီး နေရထိုင်ရအဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

(၁) ခ်ည္သားအက်ႌဝတ္ဆင္ပါ

Source : aliexpress.com

ကိုယ်ဝတ်ဆင်တဲ့ အဝတ်စားတွေက ပေါ့ပေါ့ပါးပါးမဖြစ်တာ ၊ အရမ်းကျပ်တဲ့ Body Fit အဝတ်အစာတွေဖြစ်နေတာ ဒါမျိုးတွေကလည်း မိတ်ထွက်ချိန်မှာ ပိုပြီးယားယံတာမျိုး စပ်ဖျင်းဖျင်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် စိတ်အနှောက်ယှက်ပိုဖြစ်ရပါတယ်။ ဒါကြောင့် ချည်သားအင်္ကျီ ခပ်ပွပွလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

(၂) အပူကန်စေမယ့်အစားစာများရှောင်ပါ

Source : BBC Good Food

အခုလိုပူအိုက်တဲ့ ရာသီမျိုးမှာ အပူကန်ပြီး မိတ်ထွက်ခြင်းကိုပိုမိုအားကောင်းစေတဲ့ အစားစာတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။ ဥပမာ အုန်သီးနဲ့လုပ်တဲ့မုန့်တွေ အုန်းရည် ဒူးရင်းသီး စတဲ့ အစားစာတွေဟာ အခုလိုရာသီမှာ အပူကန်စေပြီး မိတ်ထွက်ဖို့ တွန်းအားပေးတဲ့ အစားစာတွေဖြစ်ပါတယ်။ ဒီလိုအစားစာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပေးပါ။

(၃) ရှားဇောင်းလက်ပတ် လိမ်းပါ

Source : Dr. Axe

မိတ်ထွက်တဲ့နေရာတစ်ဝိုက်ကို သဘာဝရှားဇောင်းလက်ပတ် အနှစ်နဲ့ စက်ဝိုင်းပုံသဏ္ဍန် အသားထဲစိမ့်ဝင်တဲ့အထိ လိမ်းပေးပါ။ ရှားဇောင်းလက်ပတ်မှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး မိတ်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အနီစက်တွေ ရောင်ရမ်းမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။ မနက်စောစောတစ်ကြိမ် ညအိပ်ယာဝင်ခါနီး တစ်ကြိမ် ပုံမှန်လိမ်းပေးမယ်ဆိုရင် ရက်ပိုင်းအတွင် သိသိသာသာမိတ်များညိုးလာပြီး ပျောက်ကင်းသက်သာစေမှာ ဖြစ်ပါတယ်။

(၄) ရေများများချိုးပါ

Source : blackdoctor.org

အပူကြောင့်ဖြစ်ပေါ်လာတဲ့ မိတ်တွေကို အအေးဓာတ်ရစေဖို့ ရေများများချိုးခြင်းဖြင့် ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ရေစချိုးတဲ့အချိန်မှာ ဒူးခေါင်းကနေစပြီး ရေလောင်းပေးပါ။ ခန္ဓာကိုယ်အတွင်းမှာ အောင်းနေတဲ့ အပူတွေထွက်ပြီး မိတ်ပျောက်ကင်းသက်သာစေမှာဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ဆပ်ပြာနည်းနည်းပဲ အသုံးပြုပေးပါ။ ကုပ်တာဖဲ့တာတွေကိုလည်း ရှောင်ကြဉ်ပေးပါ။

(၅) သနပ်ခါးလိမ်းပါ

Source : MingalaGO

ခန္ဓာကိုယ်မှာ မိတ်တွေထွက်လာတဲ့အခါ မြန်မာရိုးရားသနပ်ခါးစစ်စစ်လိမ်းပေးနိုင်ပါတယ်။ သနပ်ခါးကို ခပ်ကျဲကျဲလေးပဲ သွေးပြီး မိတ်ထွက်တဲ့နေရာတစ်ဝိုက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ သနပ်ခါးလိမ်းပြီးတဲ့အခါမှာလည်း ချည်သားအင်္ကျီ ခပ်ပါးပါး ဒါမှမဟုတ် စွပ်ကျယ်လို လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာရှိစေမယ့် အင်္ကျီမျိုး ဝတ်ဆင်ထားသင့်ပါတယ်။