အမျိုးသားတစ်ယောက်ရဲ့ စတိုင်လ်သည် သူ့ရဲ့စိတ်နေစိတ်ထားကို ထင်ဟပ်စေနိုင်သလို သူ ဘယ်လိုလူစားမျိုး ဖြစ်ချင်သလဲ၊ ပတ်ဝန်းကျင်ကရော သူ့ကို ဘယ်လိုထင်မြင်စေချင်သလဲ စတာတွေကို သူ့ဖက်ရှင်ကနေတဆင့် မြင်တွေ့နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကိုယ့်ရဲ့ဖက်ရှင်အဝတ် အထည်များ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်တဲ့အခါ သေသေချာချာရွေးချယ်ဖို့ လိုအပ်တာပါ။

ဖက်ရှင်အသုံးအဆောင်များထဲမှာမှ ယောကျာ်းများအတွက် အဓိကအရေးအကြီးဆုံးကတော့ လက်ပတ်နာရီပဲ ဖြစ်ပါတယ်။

အချို့ကလည်း အဆင့်အတန်းမြင့်တဲ့ Luxury လက်ပတ်နာရီများကို ဘယ်လောက်ပင် ဈေးကြီးပေးဝယ်နေပါစေ ကိုယ့်ရဲ့စိတ်နေစိတ်ထားက ယုတ်ညံ့နေတဲ့အခါ ကိုယ့်ရဲ့ဥပတိရုပ်မှာ သွားပေါ်လွင်နေပြီး ဈေးကြီးပေးဝယ်ထားတဲ့ ပစ္စည်းတောင်မှ အလိုလိုမှေးမှိန်သွားတတ်ပါတယ်။

စိတ်နေစိတ်ထား မွန်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ယောကျာ်းများအတွက်တော့ သူ့ရဲ့ပုံရိပ်သည် သူ့ရဲ့ကိုယ်ပိုင် Brand တစ်ခုဖြစ်သွားပြီး သူ ဆင်မြန်းထားတဲ့ ပစ္စည်းများသည်လည်း အလိုလိုအဆင့်အတန်းမြင့်သွားပါတော့တယ်။

သင့်အနေနဲ့ ဒေါ်လာသောင်းချီတဲ့ ဇိမ်ခံလက်ပတ်နာရီအတွက် ပိုက်ဆံအကုန်အကျမခံချင်ဘူး။ ဒေါ်လာ တစ်ထောင်အောက်ဝန်းကျင်ပဲ ပေးဝယ်ရတဲ့ လက်ပတ်နာရီများ ဆင်မြန်းကာ ကိုယ့်ရဲ့ပုံရိပ်ကို မြင့်တင်လာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လက်ပတ်နာရီများကို ရွေးချယ်နိုင်ပါတယ်။

Hamilton Ventura

The Best Watches You Can Buy under $1000

ဒီလက်ပတ်နာရီကတော့ Amazon က ဝယ်မယ်ဆိုရင် ဒေါ်လာ ၆၄၁ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းသည် တြိဂံပုံစံ ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးပေါ် ဒီဇိုင်းမျိုး ဝယ်ဝတ်ချင်သူများအတွက် သင့်တော်ပါတယ်။

Movado Bold Mesh

The Best Watches You Can Buy under $1000

ရွှေရောင်လက်ပတ်နာရီမျိုးကို နှစ်သက်တဲ့ ယောကျာ်းများအတွက်တော့ ဒေါ်လာ ၅၉၅ ဒေါ်လာ ပေးဝယ်ရတဲ့ Movado ကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ဒီဇိုင်းက Classic ဖြစ်တဲ့ဒီဇိုင်းဘက်ကိုသွားတာကြောင့် သင့်ရဲ့ဖက်ရှင်ကို နန်းဆန်စေမှာပါ။

Shinola Canfield

The Best Watches You Can Buy under $1000

ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်များ ဖန်တီးချင်တဲ့သူတွေကတော့ ဒေါ်လာ ၄၆၉ ဒေါ်လာ ပေးဝယ်ရတဲ့ လက်ပတ်နာရီလေးလည်း ရှိပါသေးတယ်။ အညိုရောင် သားရေလက်ပတ်လေးက Denim ဖက်ရှင်နဲ့ပဲဖြစ်ဖြစ်၊ စတိုင်လ်ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိပါတယ်။

Torgoen TI6

The Best Watches You Can Buy under $1000

ဒီနာရီလေးကတော့ လူငယ်ဆန်ဆန်ဖက်ရှင်နဲ့ Classic ဖက်ရှင်နှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး နာရီနဲ့ ပတ်သက်လာရင် နာမည်အကြီးဆုံးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၅၁၀ ဖြစ်ပါတယ်။

Marathon Navigator

The Best Watches You Can Buy under $1000

ဒီနာရီတံဆိပ်ကတော့ ၁၉၄၀ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဘက္ထရီပိုင်းနဲ့ ပတ်သက်လာရင် နာမည်ကြီးပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

Dan & Mez

The Best Watches You Can Buy under $1000

အဖြူနဲ့ အနက် အခြေခံအရောင်ကို အသုံးပြုထားတာဖြစ်ပြီး လက်ပတ်ကြိုးကတော့ သားရေသားနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ သူသည်လည်း ဘက္ထရီတော်တော်ခံတဲ့ နာရီဘရန်းတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၅၈၉ ပေးဝယ်ရမှာဖြစ်ပါတယ်။

Nixon 5I-30 Chrono

The Best Watches You Can Buy under $1000

ဒီနာရီကတော့ ဒေါ်လာ ၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့အရောင်က နှစ်လိုဖွယ်ကောင်းပြီး Waterproof ဖြစ်တဲ့ နာရီတစ်ခုဆိုလည်း မမှားပါဘူး။ နာရီလက်တံများကို ချိန်ညှိတဲ့ ဘုသီးလေးတွေကို အခြားသောနာရီတွေလိုမျိုး ညာဘက်ခြမ်းမှာမလုပ်ဘဲ ဘယ်ဘက်ခြမ်းမှာ ထားထားပေးတာဆိုတော့ ဘယ်သန်တွေအတွက် ထုတ်လုပ်ပေးထားတာမျိုးလို့လည်း ယူဆနိုင်ပါတယ်။

Source: Themanual.com

Featured Image Source: Spotthewatch.com