လူတွေအမြင်မှာ ခန့်ညားတည်ကြည်ပြီး စမတ်အရမ်းကျသူတစ်ယောက်ဖြစ်ဖို့အတွက် နည်းလမ်းတကျ နေထိုင်လို့ ရပါတယ်။ အခုဖော်ပြပေးမယ့် အချက်ကလေးတွေအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ခရက်ရှ်ခံ လူတန်းစားဖြစ်ဖို့ အထုး အာမခံပါတယ်။

ကိုယ့်ရဲ့ဖက်ရှင်စတိုင်ကို ပြန်သုံးသပ်ပါ

Photo Source: www.aliexpress.com

ကိုယ့်ရဲ့ ဖက်ရှင်စတိုင်ကို သုံးသပ်ပါ။ အဝတ်အအစားတွေကို ဖြစ်သလို မဝတ်ဆင်ဘဲ သပ်သပ်ရပ်ရပ် ဝတ်စားပါ။  အဝတ်အစားတွေကို ပွလွန်းတာ ကျပ်လွန်းတာတွေ မဝတ်ပါနဲ့။ ကိုယ်နဲ့ ကွက်တိကျတဲ့ အဝတ်အစားကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ အရောင်ကိုလည်း ငြိမ်ပြီး တောက်တဲ့ အရောင်မျိုးတွေ ဝတ်ဆင်ပါ။

ကိုယ့်ခန္ဓာကိုယ်ကို ဂရုတစိုက် ထိန်းသိမ်းပါ

Photo Source: blog.yes4all.com

ခရက်ရှ်ခံလူတန်းစားဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ အချိန်ပေးပြီး Gym သွားကစားတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ် ကြည့်ကောင်းလာတာနဲ့အမျှ အဝတ်အစားတွေ ဝတ်ဆင်ရတာလည်း အရမ်းကို အဆင်ပြေလာပါလိမ့်မယ်။ အရမ်းကို ကြည့်ကောင်းနေပြီဆိုရင်တော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့မှာပါ။

ကိုယ်လက်သန့်ရှင်းရေးကိုလည်း ဂရုပြုပါ

Photo Source: healthprep.com

သပ်ရပ်တဲ့ ဆံပင်စတိုင် လက်သည်း ခြေသည်း နဲ့ ကိုယ်လက် ကျန်းမာရေးတွေကို သတိထားဂရုပြုစေချင်ပါတယ်။ ကိုယ်ခန္ဓာက ကြည့်ကောင်းပြီး စတိုင်ကျ လှပနေအောင် ဝတ်စားထားသော်ငြားလည်း ကိုယ်လက်သန့်ရှင်းရေး ဂရုမပြုမိဘူးဆိုရင် နှာခေါင်းရှုံ့စရာကြီး ဖြစ်သွားပါလိမ့်မယ်

ကိုယ်ပိုင် ကိုယ်သင်းနံ့ရှိပါစေ

Photo Source: mensjournal.com

ရေမွှေးရနံ့သင်းသင်းလေး ဆွတ်ထားတာမျိုး ခေါင်းလိမ်းဆီမွှေးမွှေးလေး လိမ်းထားတာမျိုးကလည်း သိပ်ကို ဆွဲဆောင်အားကောင်းစေတဲ့ တစ်ချက်ပါပဲ။ ကိုယ့်ဆီက အမျိုးအမည်မသိတဲ့ ရနံ့တစ်ခုရရှိနေတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေသလို ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။