အရက်အလွန်အကျွံ့သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရက်ကို ပမာဏတစ်ခုထိ ကျော်လွန်ပြီး သောက်တာကြောင့်ရော အရက်သောက်နည်း မမှန်တာကြောင့် မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ ဝေဒနာခံစားရတက်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် သက်သာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို kwee page ကပြောပြပေးသွားမှာပါ။

အရက်နာကျတဲ့ လက္ခဏာတွေကတော့ အလင်းစူးမခံနိုင်တာ၊ မူးဝေတာ၊ အန်တာ၊ ခေါင်းမူးတာ ခေါင်းကိုက်တာ၊ ရေငတ်တာ နှလုံးခုန်မြန်တာစသဖြင့် ခံစားရတက်ပါတယ်။

ရေသောက်ပေးပါ

Source: Medical News Today

အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဒါ့ကြောင့် မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

ဒိန်ချဉ်

Source: Healthline

အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်ကတော့ ပိုတက်စီယမ်ဓာတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

ငှက်ပျောသီး

Source: Eat This, Not That

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေတယ်။ အမျှင်ဓာတ်ပါဝင်မှု များလို့ အစာကြေ ရင်ချောင်စေတယ်။ ငှက်ပျောသီးကို ဒိန်ချဉ်နဲ့ တွဲစားပေးရင်လည်း ပိုတက်စီယမ်ဓာတ်ကို ပိုရနိုင်ပါတယ်။

ကော်ဖီ

Source: AfterDrink

တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။ ကဖင်းဓာတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။

Featured Image Source: minsknews.by