Night Out ထွက်ပြီး နောက်နေ့မနက် အများဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက Hangover ဖြစ်ခြင်းပါ။ အပေါင်း အသင်းတွေနဲ့ အမူးအကွဲသောက်တဲ့အချိန်မှာ ပျော်စရာအရမ်းကောင်းပေမယ့် နောက်နေ့ မနက်မှာတော့ Hangover ဖြစ်ကာ မအီမသာနဲ့ လုံးဝနေလို့မကောင်းဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် Hangover ဖြစ်လာတဲ့အခါ ဘယ်လို အကောင်းဆုံးကုသမလဲ၊ ညမှာ အမူးအကွဲသောက်ပြီး နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်းဖြစ်နေအောင်ဘယ်လိုနေရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

Source : Medical Daily

(၁) Hangover ဖြစ်တဲ့အခါ တော်တော်များများ လက်ခံထားကြတာဟာ ညကများသွားရင် မနက်နည်းနည်း ပြန်ဖြေပေးရတယ် ဆိုတာပါပဲ။ တကယ်တော့ မနက်ပိုင်းမှာ အရက်အနည်းငယ်ထပ် သောက်တာဟာ ထင်သလောက် မထူးခြားပါဘူး။ အချိန်ခဏတာလောက်ပဲ သက်သာစေတာပါ။ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ အဓိကရေများများသောက်ပေးဖို့လိုပါတယ်။ Sport Drink ၊ အုန်းစိမ်းရည်တို့ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

Source : titaniumsuccess.com

(၂) Hangover ဖြစ်ပြီး နောက်နေ့မနက်ခင်းတွေမှာ Breakfast က အရမ်းကိုအရေးကြီးပါတယ်။ မနက်စာအတွက် အာဟာရရှိတဲ့အစားစာတွေ စားပေးခြင်းဟာ ခန္ဒာကိုယ်က လိုအပ်တဲ့ကယ်လိုရီနဲ့ ရေဓာတ်ခမ်းခြောက်မှုကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးတာဖြစ်ပါတယ်။ Hangover ဖြစ်တဲ့ မနက်ခင်းတွေမှာ အစားစားချင်စိတ် လုံးဝပျောက်နေတတ်ပေမယ့် နွားနို့၊ ကြက်သားစွပ်ပြုတ်၊ ပေါင်မုန့်မီးကင် တို့လို အစာကြေလွယ်တဲ့ အစားစာမျိုးတွေ ရွေးချယ် စားသုံးပေးဖို့ လိုပါတယ်။

Source : Red Eyes Online

(၃) Hangover ဖြစ်တဲ့အခါ နောက်ထပ်စားပေးရမယ့်အစာစာ တစ်ခုက ငှက်ပျောသီးနဲ့ ပျားရည်ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ Vitamin C နဲ့ B6 တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အရက်သောက်တဲ့အခါ မကြာခဏဆီးသွားတတ်ပြီး ခန္ဓာကိုယ်အတွင်းက သတ္တုဓာတ်တွေ ကုန်ခမ်းစေပါတယ်။ ငှက်ပျောသီးဟာ ကုန်ခမ်းသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် Hangover ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေကို လျော့ချပေးနိုင်ပါတယ်။

Source : wiseGEEK

(၄) ဂျင်းတက်စားသုံးပေးခြင်းဟာလည်း Hangover ဖြစ်ခြင်းကို အကောင်းဆုံးသက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ ဂျင်းဟာ မအီမသာဖြစ်ခြင်း၊ မူးဝေ ပျို့အန်ခြင်းတို့ကို အကောင်းဆုံးသက်သာစေမယ့် သဘာဝ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ ဂျင်းကို ဒီတိုင်းစားရတာ အခက်အခဲရှိသူတွေအနေနဲ့ ခပ်ပါးပါးလှီးကာ ရေနွေးနဲ့ စိမ်သောက်လို့လည်း ရပါတယ်။

Source : Sand Canyon Urgent Care

(၅) နောက်တစ်ခုတစ်ချက်ကတော့ အိပ်ရေးဝအောင် ပြန်လှည်အိပ်စက်ပေးဖို့ပဲဖြစ်ပါတယ်။ ကိုယ်ဟာ Hangover ဖြစ်ပြီး မနက်ခင်းမှာ မအီမသာနဲ့ နိုးထလာပြီဆိုရင် ကိုယ်လက်သန့်စင်ကာ အပေါ်မှာပြောခဲ့သလို အာဟာရ ပြည့်ဝတဲ့မနက်စာ တစ်ခုခုစားပြီး ကောင်းစွာပြန်လည်အိပ်စက်အနားယူပေးဖို့ လိုပါတယ်။