အလှအပရေးရာကိစ္စတွေဟာ အမျိုးသားတွေ လုံးဝမသက်ဆိုင်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပ ပိုပြီးတောင် အသားရေထိန်းသိမ်းတာတွေ လုပ်သင့်ပါတယ်။အမျိုးသားတွေရဲ့ အသားရေ ဟာအမျိုးသမီးထက်ပိုပြီး ပျက်စီးဖို့ရာခိုင်နှုန်းပိုများပြီး ချွေးပေါက်ကျယ်ခြင်း၊ အဆီပြန်ခြင်း၊ ဝက်ခြံပေါက်ခြင်းစတာတွေ ပိုပြီး အဖြစ်များပါတယ်။ ဒီနေ့မှာတော့ ယောကျာ်းလေးအများစုမှာ အဖြစ်များတဲ့ ချွေးပေါက်ကျယ်ခြင်းအတွက် အကောင်းဆုံးကုသလို့ရမယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးပါမယ်။

(၁) ကြက်ဥ

Source : Medical News Today

ကြက်ဥအကာက အကောင်းဆုံးချွေးပေါက်ကျဉ်းစေမယ့် သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရင်ဆုံးမျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီး ကြက်ဥအကာကို မျက်နှာပေါ်အနှံ့ လိမ်းပေးရပါမယ်။ မိနစ် (၂၀) ခန့်နေရင်တော့ မျက်နှာသစ်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်လောက် အနည်းဆုံးလုပ်ပေးသင့်ပါတယ်။

 

(၂) ရှားစောင်းလက်ပတ်

Source : DavidWolfe.com

ရှားစောင်းလက်ပတ်ဟာ မျက်နှာအတွက် လိုအပ်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် အရေပြားပေါ်က ဆဲလ်အသေတွေ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဒါြ့ပင်ချွေးပေါက်ကျယ်ခြင်းကိုလည်း သက်သာစေပါတယ်။ ရှားစောင်းလက်ပတ်ကို မျက်နှာပေါ်အနှံလိမ်းပြီး နာရီဝက်လောက်ကြာတဲ့အခါမှာ မျက်နှာသစ်လို့ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ် မှာအနည်းဆုံး ၃ ကြိမ်လောက်ပြုလုပ်ပေးနိုင်ပါတယ်။

 

(၃) သခွားသီး

Source : ennscloset.com

သခွားသီးဟာလည်း အသားအရေထိန်းသိမ်းတဲ့နေရာမှာ ဘုရင်တစ်ပါးဖြစ်ပါတယ်။ သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို အေးမြလန်းဆန်းစေကာ မျက်နှာပေါ်က အမဲကွက်နဲ့ ချွေးပေါက်ကျယ်ခြင်းပြသနာတွေကို ကောင်းစွာဖြေရှင်းပေးပါတယ်။ သခွားသီးကို မထူမပါးအနေတော် အရွှယ် လှီးဖြတ်ပြီး မျက်နှာအနှံနာရီဝက်ခန့် ကပ်ထာပေးရပါမယ်။ နာရီဝက်ပြည့်တဲ့အခါ အထက်ကနည်းတွေအတိုင်းပဲ မျက်နှာသစ်လို့ရပါပြီ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ်မှာ ၃ ကြိမ် အနည်းဆုံးပြုလုပ်ပေးသင့်ပါတယ်။