ညဘက်တွေအိပ်ပျော်ဖို့အတွက် တော်တော်လေးကိုရုန်းကန်နေရလား။ အိပ်ရေးပျက်တဲ့ရက်တွေများလာလို့ စိတ်ရောကိုယ်ပါ ကျန်းမာရေးတွေလျော့ကျလာတယ်လို့ ခံစားနေရပြီလား။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကကွီးတို့အတွက်ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအတွက်လည်းကောင်းပြီး အိပ်ပျော်ဖို့လည်းကူညီပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းလေးတွေပါ။အချိန်နေရာမရွေး အမျိုးသားအမျိုးသမီးမရွေးလုပ်ဆောင်နိုင်တာဖြစ်တာကြောင့် ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

လေ့ကျင့်ခန်း (၁)

Source : Express Digest

အရင်ဆုံး တရားထိုင်တဲ့ပုံစံထိုင်ပေးပါ။ ပခုံးတွေကိုပင့်ထားစရာမလိုပဲ သက်တောင်သက်သာဖြေလျော့ထားရပါမယ်။ စိတ်ကိုအတက်နိုင်ဆုံးရှင်းထုတ်ထားပါ။ မျက်လုံးကိုမှိတ်ထားပြီး အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်လုပ်ပေးပါ။ ထိုနည်းအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

Source : MENSOPEDIA

နံရံနဲ့ ၅လက်မ (သို့) ၆လက်မလောက်ခွာပြီးထိုင်ပေးပါ။ထို့နောက်ခန္ဓာကိုယ်ကိုကြမ်းပြင်သို့ လှဲချပြီး ခြေထောက် ၂ ချောင်းကိုနံရံပေါ်သို့ ၉၀ ဒီဂရီထောင်မတ်ပေးရပါမယ်။ လက်နှစ်ဖက်ကိုတော့ ခန္ဓာကိုယ်ရဲ့ ဘေးဘက် တစ်ဖက်တစ်ချက်စီသို့ သက်တောင့်သက်သာအနေအထား ချထားပေးပါ။ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

Source : The Related Rentals Blog

ကြမ်းပြင်ပေါ်မှာပလက်အနေအထားပုံစံယူလိုက်ပါ။ပြီးရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း ညာဘက်ဒူးကိုကွေးပြီးခါးကိုလှည့်ကာ စောင်းချလိုက်ပါ။ ဘယ်ဘက်လက်နှင့် ကွေးထားတဲ့ဒူးကိုကိုင်ထားပေးရမှာဖြစ်ပြီး ညာဘက်လက်ကိုတော့ ကြမ်းပြင်ပေါ်ကိုပဲသက်တောင်သက်သာချထားပါ။ထိုနည်းအတိုင်း ဘယ်ညာပြောင်းပြီး တစ်ဖက်ကို ၁ မိနစ်စီပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

Source : Muscle & Fitness

ခြေဖနောင့်ပေါ်မှာထိုင်လျက်အနေအထားပုံစံယူပေးပါ။ထို့နောက်ခါးကိုဖြေးဖြေးချင်းရှေ့ကိုကိုင်းချပါ။ နဖူးကို ကြမ်းပြင်နဲ့ကပ်လျက်အနေအထားနေပြီး လက်နှစ်ဖက်ကိုလည်း ဦးခေါင်းအရှေ့ဖက်သို့ဆန့်ထုတ်ထားပါ။ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။