Denim ဖက်ရှင်သည် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်အမျိုးအစားတစ်ခုဖြစ်ပြီး ဖက်ရှင်ရေစီးကြောင်းပေါ်တွင် ဘယ်တော့မှရိုးမသွားတဲ့ဖက်ရှင်စတိုင်လ်တစ်ခုပါ။ အချို့ကလည်း Denim ဖက်ရှင်ကို အပေါ်အောက် ဝမ်းဆက်သဘောမျိုး ဝတ်ဆင်တတ်ကြသလို အချို့ကလည်း ဘောင်းဘီတစ်မျိုးတည်းကိုပဲ ဦးစားပေးကာ ဝတ်ဆင်တတ်ကြပါတယ်။

သင်ရော Denim ဖက်ရှင်ကို ဘယ်လိုစတိုင်လ်ကျအောင် ဝတ်ဆင်လေ့ရှိပါသလဲ။

အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များနှင့်လည်း ရှိုးထုတ်လို့ရပါသေးတယ်။

Double Denim

denim fashion for men denim fashion for men

ဂျင်းဘောင်းဘီကို အပေါ်ဝတ် ဂျင်းဂျက်ကတ်နှင့် တွဲဖက်ဝတ်ဆင်တဲ့ဖက်ရှင်တစ်မျိုးဖြစ်တာကြောင့် Double Denim လို့ ခေါ်ရခြင်းဖြစ်ပါတယ်။

၉၀ ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့ Denim ဖက်ရှင်

denim fashion for men denim fashion for men

၉၀ ခုနှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ Denim ဖက်ရှင်ဖြစ်ပြီး သင့်အနေနဲ့ တစ်ကျော့ပြန်လည်ခေတ်စားလာအောင် ဖန်တီးလို့ရပါတယ်။

အဖြူရောင်ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ဖက်ရှင်

denim fashion for men denim fashion for men

အဖြူရောင်ဂျင်းဘောင်းဘီကို ဝတ်ဆင်တဲ့အခါ သင့်အနေနဲ့ အပေမခံတာကိုတော့ သတိထားရပါမယ်။ ပုံမှန်ဆိုလျှင် ဂျင်းဘောင်းဘီသည် အကြမ်းပတမ်းခံပေမယ့် သူ့အရောင်ကြောင့် အပေခံမှာမဟုတ်ပါဘူး။

ဂျင်းဘောင်းဘီအနားသားကို ခေါက်ထားတဲ့ဖက်ရှင်

denim fashion for men denim fashion for men

ဂျင်းဘောင်းဘီက သင့်ထက်ဆိုဒ်ကြီးနေပြီး အောက်မှာ ပုံကျနေမယ်ဆိုရင်တော့ အခုလိုပဲ ခေါက်ထားလိုက်တာ အကောင်းဆုံးပါပဲ။

Dad Denim လို့တင်စားခေါ်ဝေါ်ကြတဲ့ ခပ်ပွပွနဲ့ သက်သောင့်သက်သာဝတ်ဆင်နိုင်တဲ့ဖက်ရှင်

denim fashion for men denim fashion for men

ကြပ်ထုပ်နေတဲ့ဖက်ရှင်မျိုး မကြိုက်ဘဲ သက်သောင့်သက်သာဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်က သင့်အတွက်ပါပဲ။

လူငယ်တွေ အများဆုံးဝတ်ဆင်လေ့ရှိကြတဲ့ ဂျင်းဘောင်းဘီအပြဲဖက်ရှင်

denim fashion for men denim fashion for men

လူငယ် အယောက် ၁၀၀ မှာ ၉၀ လောက်က ဂျင်းဘောင်းဘီအပြဲဖက်ရှင်ကို နှစ်သက်ကြပါတယ်။ သင့်အနေနဲ့ မိမိသွားမယ့်နေရာပေါ်လိုက်ပြီး ဂျင်းဘောင်းဘီအပြဲဖက်ရှင်များ ဝတ်ဆင်နိုင်ပါတယ်။

Source: Fashionbeans.com

Featured Image Source: Fashionbeans.com