လွန်ခဲ့သောဆယ်စုနှစ်က ပရိုဂိမ်မာတွေအနေနဲ့ ဆုကြေးငွေအနည်းငယ်သာရှိတဲ့ ပြိုင်ပွဲတွေအတွက် တိုက်ပွဲဝင်ခဲ့ကြရပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာတော့ eSports ရဲ့အခန်းကဏ္ဍကအရမ်းကို တိုးတက်ကျယ်ပြန့်လာပြီး ဆုကြေးငွေ ဒေါ်လာသန်းချီပေးတဲ့ eSports ပြိုင်ပွဲတွေပြုလုပ်လာကြသလို ပရိုဂိမ်မာတစ်ယောက်ရဲ့နှစ်စဉ်ဝင်ငွေဟာလည်း အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ရှိလာပါတယ်။ eSports ပရိသတ်တွေကို ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ dotesports မှာဖော်ပြထားတဲ့ သမိုင်းတစ်လျောက် များပြားလှတဲ့ဆုကြေးငွေတွေရရှိပိုင်ဆိုင်ခဲ့ကြတဲ့ ကမ္ဘာ့ထိပ်တန်း eSports players (၅) ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Johan “N0tail” Sundstein (Dota 2)

ဒိန်းမတ်နိုင်ငံသား ဝါရင့် Dota 2 ကစားသမားဖြစ်တဲ့ N0tail ဟာ OG အသင်းနဲ့အတူ ၂ နှစ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၆.၉ သန်း နဲ့  eSports သမိုင်းတစ်လျောက်  ဆုကြေးငွေအများဆုံးရရှိတဲ့ player တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

(၂) Kyle “Bugha” Giersdorf (Fortnite)

Fortnite ဂိမ်းက ၂၀၁၈ ခုနှစ်မှာစတင်ထွက်ရှိခဲ့ပြီး အချိန်တိုအတွင်းမှာတင် ကမ္ဘာ့လူကြိုက်အများဆုံးနဲ့ ကစားသူအများဆုံး ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား Bugha ဟာ Fornite ဂိမ်းရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဆုကြေးငွေ ဒေါ်လာ ၃.၁ သန်း အမြတ်အစွန်းရရှိခဲ့ပါတယ်။

(၃) Andreas “Xyp9x” Højsleth (CS:GO)

ပရော်ဖက်ရှင် ကစားသမားဘဝမှ အနားယူတော့မယ့် ဒိန်းမတ်နိုင်ငံသား “Xyp9x” ဟာ CS:GO မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်သူတစ်ဦးဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၁.၈ သန်း နဲ့ eSports လောကမှာဆုကြေးငွေအမြင့်ဆုံးရရှိထားတဲ့ player တွေထဲက တစ်ဦးဖြစ်ပါတယ်။

(၄) Lee “Faker” Sang-hyeok (League of Legends)

Faker လို့လူသိများတဲ့ တောင်ကိုရီးယားနိုင်ငံသားကတော့ LOL (League of Legends) ဂိမ်းမှာ သုံးကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကိုရရှိထားတဲ့ ပရိုဂိမ်မာတစ်ဦးဖြစ်ပြီး အမြင့်ဆုံးဆုကြေးငွေ ဒေါ်လာ ၁.၃ သန်း ရရှိထားတဲ့ နာမည်ကြီး player တစ်ဦးဖြစ်ပါတယ်။

(၅) Feg (Shadowverse)

ဂျပန်နိုင်ငံသားဖြစ်တဲ့ Feg ဟာ Shadowverse ဂိမ်းနဲ့ အမြင့်ဆုံးဆုကြေးငွေ ဒေါ်လာ ၁ သန်း ရရှိခဲ့ပြီး mobile eSports သမိုင်းမှာ တစ်ဦးတည်းသော ဆုကြေးငွေ အများဆုံးရရှိထားတဲ့ player တစ်ဦးဖြစ်ပါတယ်။