အသက် (၃၀) နှစ်အရွယ် အာဆင်နယ်တိုက်စစ်မူး အူဘာမီယန်ဟာ စာချုပ်သက်တမ်းတိုးဖို့ကိစ္စနှင့်ပက်သက်ပြီး ကလပ်ဘုတ်အဖွဲ့ဝင်တွေကို အပြစ်တင်လိုက်ပါတယ်။

အူဘာမီယန် ကိုထိပ်တန်းကလပ်တွေဖြစ်တဲ့ PSG နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါတိုက်စစ်မူးဟာ သူ့ကို အာဆင်နယ်မှာ ဆက်ထားချင်တယ်ဆိုရင် ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်အလုပ်ကို လုပ်သင့်တယ်လို့ ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

Source: Flipboard

အူဘာမီယန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် (၂၆) ပွဲကစားပေးထားပြီး (၁၇) ဂိုးသွင်းယူပေးထားပါတယ်။ ကစားသမားနဲ့အသင်းကြားမှာရှိတဲ့ စာချုပ်ဟာ နောက်နှစ် ဇွန်လတွင်ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းမတိုးခဲ့ဘူးဆိုရင် အသင်းပြောင်းဖို့အတွက် အခြားအသင်းတွေနဲ့ တရားဝင် တွေ့ဆုံညှိနိူင်းခွင့်ရရှိတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ အဆိုပါကစားသမားနဲ့ စာချုပ်ကိစ္စအဆင်မပြေခဲ့ပါက လာမယ့် နွေရာသီတွင် ရောင်းချသွားဖွယ်ရှိနေပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူဘာမီယန်ကိုတော့ ဘာစီလိုနာနဲ့ PSG တို့ကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အူဘာမီယန်ကတော့ စာချုပ်သက်တမ်းတိုးဖို့အတွက် အနည်းငယ်တိုးတတ်မူတွေရှိတယ်လို့ပြောဆိုထားပေမယ့် အသင်းတဝန်ရှိသူတွေကိုတော့ အချိန်ကျန့်ကြာမူတွေကြောင့် အပြစ်တင်စကားဆိုခဲ့ပါတယ်။

Source: News AKMI

“စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာတာတွေမရှိသေးပါဘူး။ ဒါပေမယ့် အသင်းနဲ့တော့ ဆွေးနွေးမူတွေ လုပ်ခဲ့ပါတယ်။ ဘုတ်အဖွင့်ဝင်တွေက သိပ်ပြီးစိတ်ဝင်စားတဲ့ပုံမပေါ်ဘူးဗျ။ သူတို့ကသာ အဓိကတာဝန်ရှိသူတွေပါ။ စာချုပ်ကိစ္စက သူတို့အပေါ်မှာမူတည်ပါတယ်။ သူတို့အလုပ် သူတိုလုပ်မယ်ဆိုရင်‌တော့ အဆင်ပြေနိူင်မယ်ထင်ပါတယ်။ ဒီအခိုက်အတန့်က ကျွန်တော့အတွက် အရေးကြီးဆုံး အခိုက်အတန့်ပါပဲ။ ဒါပေမယ့် ကျွန်တော် ရွေးချယ်မူတွေတော့ မလုပ်ရသေးပါဘူး။” ဟု အူဘာမီယန်က ပြောဆိုသွားခဲ့ပါတယ်။

Source: Sports Mole

အူဘာမီယန်ဟာ အာဆင်နယ်ကို (၂၀၁၈) ခုနှစ် ဇန်နဝါရီ လကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် (၇၅) ပွဲကစာထားပြီး (၄၉) ဂိုးသွင်းယူနိူင်သည့်အထိ ခြေစွမ်းပြသထားပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အာဆင်နယ်ဟာ မန်စီးတီးအသင်းနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။