လက်ရှိ EDM ပရိသတ်တွေရဲ့ နှုတ်ခမ်းဖျားမှာ ရေပန်းစားလာနေတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်သူ Said The Sky ကိုသိပြီးကြပြီဖြစ်မှာပါ။ Said The Sky လို့အမည်ရတဲ့ ၎င်းကတော့ အသက် (၂၅) နှစ်သာ ရှိသေးတဲ့ အမေရိကန်နိုင်ငံသားဂီတပညာရှင်ဖြစ်ပြီး နာမည်အရင်းကတော့ Trevor Christensen လို့ အမည်ရပါတယ်။ သူဟာထူးခြားတဲ့ ဂီတသံစဉ်တွေဖန်တီးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို  Electronic Dance Music Producer တစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ အဓိက Trap ၊  Dubstep ၊ Future Bass ၊ Tropical House ပုံစံတွေ အများဆုံးတီးခတ်တာဖြစ်ပြီး  ဂီတလမ်းကြောင်းပေါ်လျှောက်လှမ်းလာတာကြာခဲ့ပေမယ့် ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်အတွင်းမှာ သိသိသာသာ လူကြိုက်များလာခဲ့ပြီး မြန်မာ Raver တွေ ကြားမှာလည်း ရေပန်းစားလျက်ရှိပါတယ်။ ဒီနေ့မှာတော့ Said The Sky အမိုက်စားသီချင်းတွေများစွာထဲမှ ကောင်းနိုးရာရာ သီချင်း (၅) ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

(1) Where’d U Go – Said The Sky , Illenium

Source : MrSuicideSheep

(2) Pray For Me – Said The Sky , Ft. Origami

Source : Trap Nation

(3) Superstar – Said The Sky , Ft. Linn

Source : WaveMusic

(4) Rush Over Me – Said The Sky , Illenium , Ft. HALIENE

Source : MrSuicideSheep

(5) Show & Tell – Said The Sky , Ft. Claire Ridgely

Source : WaveMusic