မြိုးကြီးတွေဟာ တိုးတတ်လာတာနဲ့အမျှ တိုက်တာအဆောက်အအုံတွေ မိုးမျှော်တိုက်ကြီးတွေ လမ်းတွေ တံတားတွေ အစရှိသဖြင့် တိုးတိုးပြီး ဆောက်လုပ်လာကြပါတယ်။ တိုးတတ်လာခြင်းနှင့်အတူ မြိုပြလူနေမူ ဟာလည်း အများကြီးပြောင်းလဲကုန်ကြပါတယ်။ နည်းပညာတွေ ကုန်သွယ်မူတွေ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာတာတွေက တွေက လူတွေကို ပိုပြီးအလုပ်များလာစေပါတယ်။

အလုပ်အများဆုံး ကမ္ဘာ့မြို့ကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နယူးယော့ခ်

Source: World Atlas

နယူးယော့ခ် မြို့ထဲမှာ လူဦးရေ ၁၉ သန်းခန့်နေထိုင်နေကြပါတယ်။ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် သန်း ၅၀ ခန့်လာရောက်လည်ပက်နေတဲ့ မြို့ကြီးလည်းဖြစ်ပါတယ်။ ဒီစားရင်းထဲမှာပါတဲ့ အခြားမြို့ကြီးတွေလိုပဲ နယူးယော့ခ် မြို့ဟာလူနေထူထပ်ပြီးတော့ ဘယ်တော့မှ အိပ်စက်ခြင်းမရှိတဲ့ မြို့ပါ။ နယူးယော့ခ်ဟာ အမေရိကန်တွေရဲ့ အရင်းရှင်ဝါဒနှင့်စွဲမက်ဖွယ်ရာနှင့်ခေတ်မီဆန်းပြားမှုတို့၏သင်္ကေတတစ်ခုဖြစ်ပါတယ်။

၂။ တိုကျို

Source: Shutter stock

ကမ္ဘာလှည့်ခရီးသည်တွေ တိုကျိုမြို့ကို အရမ်းကြိုက်ကြပါတယ်။ တိုကျိုမြို့ဟာလည်း အိပ်စက်ခြင်းမရှိတဲ့ မြို့ပါပဲ။ မြို့ပေါ်မှာနေကြတဲ့လူတွေဟာ လွတ်လပ်ကြပြီး လူငယ်လေးတွေဟာလည်း စီးပွားရေးဖက် အားသန်ကြတယ်။ တိုကျိုမြို့ လူဦးရေဟာ ၁၃ သန်းကျော်သွားပါပြီ။

ဂျပန် မင်းဧကရာဇ် မိသားစုရဲ့နေအိမ်ဖြစ်ပြီးတော့ ယဉ်ကျေးမူ ဗဟိုချက်မလည်းဖြစ်ပါတယ်။

၃။ လန်ဒန်

Source: www.itv.com

လန်ဒန်မြို့ဟာ ကမ္ဘာပေါ်မှာ အလုပ်အရှုပ်ဆုံးနိူင်ငံတစ်နိူင်ငံဖြစ်ပါတယ်။ လူဦးရေ ၁၃ သန်းခန့်ရှိပါတယ်။ အကြမ်းဖက်မူကာကွယ်ဖို့အတွက်နှင့် မြို့နေလူထုလုံခြုံရေးအတွက် နေရာတိုင်းမှာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်ထားရှိထားပါတယ်။ လေဆိပ်တွေမှာ လေယာဉ်အစီးပေါင်း ၁၄၀၀ ကျော် နေ့စဉ်ပျံသန်းနေကြပြီး ကမ္ဘာလှည့်ခရီးသည် တစ်နှစ်ကို ၆၃ သန်းခန့် ဝင်ရောက်လျက်ရှိပါတယ်။

လန်ဒန်မြို့ရဲ့ သယ်ယူပို့ဆောင်းရေးစနစ်တွေဖြစ်တဲ့ ဘက်စ်ကား၊ မြေအောက်ရထားတွေဟာ ကမ္ဘာ့အကောင်းဆုံး စားရင်ဝင်ထားပါတယ်။

၄။ ပေကျင်း

Source: Shutter stock

တရုတ်နိူင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ပေကျင်းမှာ လူဦးရေ ၂၁ သန်းကျော်နေထိုင်နေကြပါတယ်။ ပေကျင်းဟာ အမြန်ရထားတွေ၊ ကောင်းမွန်လှတဲ့ အဝေးပြေးလမ်းတွေ ကြောင့် ကျော်ကြားပါတယ်။ ပေကျင်းရဲ့ လေယာဉ်ကွင်းတွေဟာ ကမ္ဘာ့ဒုတိယအလုပ်အရှုပ်ဆုံး လေယာဉ်ကွင်းစာရင်းဝင်ပါတယ်။

ပေကျင်းဟာ နည်းပညာသစ်တွေ သာမက အခြား ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားရာ နေရာကြီးတစ်ခုဆိုလည်း မမှားပါဘူး။