ခုခေတ်လူငယ်တွေက အရင်ခေတ်က လူငယ်တွေထက် ပိုပြီးတော့ တွေးခေါ်မှုပိုင်းဆိုင်ရာမှာရော ဖန်တီးမှုပိုင်းဆိုင်ရာနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေဟာ တိုးတက်ကောင်းမွန်လာကြပါတယ်။ ဒါဟာ ခေတ်ကာလနဲ့လည်း အများကြီးသက်ဆိုင်သလို ခုခေတ်လူငယ်တွေရဲ့ စိတ်အားထက်သန်မှုတွေနဲ့လည်း ဆိုင်ပါတယ်။

လေးနက်တဲ့ ဘဝအတွေးအခေါ်တွေရှိတယ်။

Source: Freepik

လူငယ်တွေကိုကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါးတွေးတတ်ကြတယ်လို့ ထင်ရဖွယ်ရှိပါတယ်။ တကယ်လည်း သူတို့က အရာရာကို ပေါ့ပေါ့ပါးပါးတွေးတတ်ကြသူတွေပါ။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးတွေးတတ်တဲ့ သူတို့တွေဆီမှာ လေးနက်တဲ့ ဘဝအတွေးအခေါ်တွေ အများကြီးရှိပါတယ်။

အစွမ်းအစတွေ ကိုယ်စီရှိကြတယ်။

Source: freepik.com

ခုခေတ်လူငယ်တွေက အံ့သြစရာကောင်းလောက်အောင်ကို တော်ကြပါတယ်။ ဒီဘက်ခေတ်လူငယ်တွေရဲ့ သွက်လက်ချက်ချာ ထက်မြက်မှုတွေဟာ လက်ဖျားခါရမလောက်အောင် အယောက်တိုင်းစီမှာ အစွမ်းအစတွေ ကိုယ်စီရှိကြပါတယ်။

ခေတ်ကိုအမြဲစောင့်ကြည့်ကြတယ်။

Source: Freepik

ဟိုးအရင်က လူငယ်တွေက နိုင်ငံရဲ့ခေတ်အခြေအနေကို အမြဲစောင့်ကြည့်တတ်ကြပါတယ်။ ဒီဘက်ခေတ်လူငယ်တွေရဲ့ လေ့လာနိုင်စွမ်းတွေက အရင်ကထက်ပိုပြီး မြင့်မားလာကြပါတယ်။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာတဲ့အလျောက် နိုင်ငံတကာနဲ့ပတ်သက်ပြီး အမြင်တွေလည်း ဟိုအရင်ကထက် ပိုပြီး ကျယ်လာကြပါတယ်။

ရှုပ်ထွေးပေမယ့် သိမ်မွေ့နက်ရှိုင်းတယ်။

Source: HDFootageStock.com

လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ သိပ်ကိုရှုပ်ထွေးလွန်းပါတယ်။ ဒီလိုမျိုး ရှုပ်ထွေးကြပေမယ့် တကယ်တော့ လူငယ်ဘဝဆိုတာ သိပ်ကိုသိမ်မွေ့နက်ရှိုင်းလွန်းပါတယ်။ အစားပြန်မရနိုင်မယ့် လူငယ်ဘဝမှာ ကိုယ်လုပ်ချင်ရာကို လုပ်ခွင့်ရကြဖို့ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။