ဒီတစ်ခေါက်မှာတော့ ကိုယ်ပေါင်းသင်းနေတဲ့သူဟာ မိတ်ဆွေကောင်းလား မိတ်ဆွေအတုယောင်လားဆိုတာခွဲခြားသိရှိစေဖို့ သိထားသင့်တဲ့အချက်လေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်လေးတွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်မှာ မိတ်ဆွေကောင်းတစ်ယောက် ရှိနေပြီဆိုတာ သိနိုင်ပါပြီ။
လူတစ်ယောက်နဲ့ တစ်ယောက်ခင်မင်ကြတဲ့အခါ စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ဒြပ်တွေနဲ့ တွက်ချက်နေမယ်ဆိုရင်တော့ မိတ်ဆွေကောင်းတစ်ယောက် ဘယ်တော့မှ ရရှိလာနိုင်မှာမဟုတ်ပါဘူး။ ငွေကြေးဂုဏ်ဒြပ်တွေကြောင့် ခင်မင်လာတဲ့သူတွေဟာလည်း အပေါ်ယံ မိတ်ဆွေအတုအယောင်တွေပဲဖြစ်ပါလိမ့်မယ်။ မိတ်ဆွေကောင်းတစ်ယောက်ဟာ ဘယ်တော့မှအကျိုးအမြတ်ကိုကြည့်ပြီး ပေါင်းသင်းရေးဆက်ဆံရေးတစ်ခု မတည်ဆောက်ကြပါဘူး။ အဓိကအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပဲ အလေးထားကြတာဖြစ်ပြီး ဘယ်လိုအကျိုးရမှ ဘာဖြစ်မှညာဖြစ်မှ ဆိုတာတွေထည့်မတွက်ဘဲ အဖြူသက်သက်ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။

Source : Departures
မိတ်ဆွေကောင်းတို့မည်သည် ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါ အမြဲကူညီဖို့အသင့် ရှိနေတတ်ပါတယ်။ ကိုယ်အခက်အခဲဖြစ်လို့ ကူညီတဲ့အခါတိုင်းမှာလည်း စေတနာသန့်သန့်နဲ့ပဲ ဘာမှပြန်လိုချင်တဲ့မျှော်လင့်ချက်မရှိဘဲ ကူညီတတ်ကြပါတယ်။ လုပ်ပေးနိုင်တဲ့အရာကို တတ်နိုင်သလောက်ကူညီမယ်။ Give And Take မရှိပဲပေါ့။
မိတ်ဆွေကောင်းဆိုတာ ကောင်းတဲ့အရာတွေအတွက် မျှဝေခံစားဖို့ဝန်မလေးပါဘူး။ ဥပမာ သင့်အတွက် ပိုကောင်းတဲ့အလုပ်ခွင် ပိုကောင်းတဲ့အခွင့်အလမ်း စတဲ့အရာတွေကို လျှို့ဝှက်မထားဘဲ အလျင်းသင့်ရင်သင့်သလို ဝေမျှပြောပြပေးတတ်ကြပါတယ်။ ဝမ်းနည်းစရာကြုံလာလည်း မျှဝေခံစားမယ်။ ပျော်စရာရှိလည်း မျှဝေခံစားမှာဖြစ်ပါတယ်။ ဘယ်တော့မှပြိုင်ဘက်တစ်ယောက်လို သဘောမထားပါဘဲ ရဲဘော်ရဲဘက် စစ်သည်တစ်ယောက်လို အမြဲဖေးမတတ်ကြတာဖြစ်ပါတယ်။

Source : Elephant Journal
မိတ်တွေကောင်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်လာပါတယ်။ ဘယ်နေရာ ဘယ်လိုအချိန်ပဲ ရောက်ရောက်သင့်ကို အမြဲသတိရနေမှာပါ။ သင်နဲ့ တစ်ယောက်တစ်နေရာစီ ဖြစ်နေတယ်ဆိုရင်တောင် အဆက်အသွယ်အပြတ်ခံမှာမဟုတ်ပါဘူး။ ဖုန်းနဲ့ ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အမြဲစကားတွေပြော အဆက်သွယ်လုပ်နေဦးမှာဖြစ်ပါတယ်။
