ရှုးဖိနပ်နဲ့ ခြေအိတ်တွေက ခွဲမရတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တချို့က ရှုးဖိနပ်၊ အားကစားဖိနပ်တွေက လှောင်ပိတ်ရတဲ့ကြားထဲ ခြေအိတ်ပါ ထပ်ဝတ်ရတော့ ပိုအိုက်တယ်ဆိုပြီး ခြေအိတ်မဝတ်ဘဲ ဒီအတိုင်းစီးကြပါတယ်။
ခြေအိတ်မဝတ်ဘဲ ရှုးဖိနပ်၊ အားကစားဖိနပ်စီးခြင်းက အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ခြေအိတ်မဝတ်ဘူးဆိုရင် ခြေထောက်အနံ့ ပိုနံခြင်း၊ ခြေချောင်းများ၊ ခြေဖနောင့်များ ပွန်းပဲ့အနာတရဖြစ်ခြင်း၊ ခြေသည်းများ မရှည်တော့ဘဲ ညိုပုပ်ပုပ်ဖြစ်ခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
အခုနောက်ပိုင်းမှာ ခြေအိတ်အရှည်တွေမဟုတ်ဘဲ တစ်ဝက်ခြေအိတ်လေးတွေလည်း ထွက်ရှိနေတာကြောင့် အအိုက်သက်သာချင်တယ်ဆိုရင် တစ်ဝက်ခြေအိတ်များ ဝတ်ဆင်နိုင်ပါတယ်။ ချည်သားခြေအိတ်လေးတွေဆိုရင် လေဝင်လေထွက်ကောင်းပြီး အအိုက်သက်သာအောင် ကူညီပေးပါတယ်။ ခြေအိတ်မဝတ်ထားတဲ့ ဖက်ရှင်ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ဝက်ခြေအိတ်လေးတွေ ဝတ်ဆင်နိုင်တဲ့အပြင် ဒီအချက် (၃) ချက်ကိုလည်း လိုက်နာပေးလိုက်ပါ။
ဘောင်းဘီရှည်ဝတ်တဲ့အခါ အောက်အနားစ ခေါက်ပေးခြင်း
ဒါမှမဟုတ် အောက်အနားစကို ခေါက်ပြီးနောက် အသေချုပ်ထားခြင်း
ဒါမှမဟုတ် ရှည်နေတဲ့အနားစကို ညှပ်ထုတ်ပစ်ခြင်း စသည်တို့ ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ဝက်ခြေအိတ်လေးတွေ ဝတ်ထားပြီး ကြည့်ကောင်းနေတဲ့ဖက်ရှင်များကိုလည်း ဖက်ရှင်ချစ်သူတွေအတွက် တစ်ခါတည်း ဝေမျှပေးလိုက်ရပါတယ်။
ချီနိုဘောင်းဘီများ ဝတ်တဲ့အခါ
ဂျင်းဘောင်းဘီနဲ့ တွဲဝတ်တဲ့အခါ
အားကစားလိုက်စားတဲ့သူတွေအတွက် ခြေအိတ်လွတ်ဖက်ရှင်
Suit ဝတ်သူများအတွက် စမတ်ကျကျ ခြေအိတ်လွတ်ဖက်ရှင်များ
မိမိဝတ်ဆင်မယ့် အဝတ်အစား၊ ဖက်ရှင်စတိုင်ပေါ်မူတည်ပြီး သားရေပျော့ဖိနပ် (သို့) အားကစားဖိနပ် (သို့) ရှုးဖိနပ် စသည်ဖြင့် အပြောင်းအလဲ ဝတ်ဆင်ပေးမှသာလျှင် ဖက်ရှင်ကျတဲ့ကွီးတစ်ယောက်ဖြစ်မှာပါ။ ဖိနပ်အပြောင်းအလဲ ပြုလုပ်ပေးရမယ်ဆိုရင် တစ်နေ့တည်းမှာပဲ ဖိနပ် ၁၀ ရံလောက် တစ်ပြုံကြီးဝယ်ခိုင်းတာမဟုတ်ပါဘူး။ တစ်လတန်သည် နှစ်လ၊ သုံးလတန်သည် စသည်ဖြင့် မိမိရဲ့ ဝင်ငွေ၊ ထွက်ငွေပေါ် မူတည်ပြီး ဖိနပ်အမျိုးအစားတစ်မျိုးစီ ဝယ်စုခြင်းက ပြတ်တုန်းလပ်တုန်း ၂၃ ဘဝ မရောက်ရလေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
အခုဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေက ဖက်ရှင်ချစ်သူတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: fashionbeans.com