အမှား ကျူးလွန်သူဖူးတွေရဲ့ ရင်တွင်းခံစားချက်တွေက ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်ဖူးကြပါသလား။ စိတ်ထဲမှာ သူကအမှားတွေလည်း လုပ်သေးတယ် ကြည့်လိုက်ရင် အေးအေးဆေးဆေးပဲ။ အမှားလုပ်ထားတာကို သူဘာမှလုပ်မထားသလိုပဲလို့ မထင်လိုက်ပါနဲ့။ အမှားကျူးလွန်သူတွေရဲ့ နောက်ဆက်တွဲရလဒ်တွေ အကြောင်းပြောပြပါမယ်။

အမှားကျူးလွန်သူတွေဟာ ဘယ်တော့မှမငြိမ်းချမ်းပါဘူး။

Source: Depositphoto

အမှားပြုလုပ်ထားတဲ့ သူတစ်ယောက်ရဲ့စိတ်ဟာ ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းငြိမ်သက်နိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ အပေါ်ယံအမြင်အားဖြင့် ဟန်ကိုယ့်ဖို့ ထားပေမယ့်လည်း တကယ်တမ်းတော့ သူတို့ကျူးလွန်ထားတဲ့ အမှားတွေကြောင့် အမြဲရင်ပူနေရသူတွေပါ။

ဘယ်ကိစ္စမဆို ရဲရဲ ဝံ့ဝံ့မဆုံးဖြတ်ရဲတော့ဘူး။

Source:The Times

ကျူးလွန်ထားတဲ့အမှားက အရိပ်လိုလိုက်နေပြီး ဘယ်ကိစ္စကိုမှ ရဲရဲဝံ့ဝံ့ မဆုံးဖြတ်နိုင်တော့ပါဘူး။ တစ်ခုခုဆုံးဖြတ်မယ် ကြံလိုက်တိုင်းလည်းသူတို့ရဲ့ အမှားတွေအကြောင်း aနာက်ကြောင်းပြန်တွေးနေတာနဲ့တင် ဆုံးဖြတ်ရမယ့်ကိစ္စတွေအပေါ် တွေဝေလာပါတယ်။

မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျက်ယွင်းလာတယ်။

Source:MensLine Australia

ကိုယ်တိုင်မဆုံးဖြတ်ရဲတာတွေ များလာတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းလာပြီး အချိန်ကြာလာတာနဲ့အမျှ စိတ်မှာနာကျင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ စိတ်ထဲမှာ တွေဝေမှုနဲ့ အတူဆုံးဖြတ်ချက် မပြတ်သားတာတွေ မိမိကိုယ်မိမိယုံကြည်မှု ပျက်ယွင်းလာတာတွေ ဖြစ်လာတတ်ပါတယ်။