လူတစ်ဦးနဲ့တစ်ဦးဟာ Colour တွေအပေါ်မှာ သက်ဝင်ခံစားကြပုံခြင်း မတူညီကြပါဘူး။ အထူးသဖြင့် အမျိုးသားတွေရဲ့ အရောင်နှစ်သက်မှုဟာ ခန့်မှန်းရခက်လှပါတယ်။ တချို့အမျိုးသားတွေဟာ အဖြူရောင်လွ လွကိုမှ ရွေးချယ်နှစ်သက် သုံးစွဲတတ်ကြပါတယ်။ အဖြူရောင်ခရေဇီ ပုရိသတို့အတွက် အလန်းစား White Fashion တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

An Oxford Cloth Shirt

Source: Old Bull Lee

ဖြူလွလွနဲ့ အလွန်သန့်ပြန့်နေတဲ့ အမိုက်စားရှပ်အကျီင်္ Brand တစ်ခုဖြစ်ပါတယ်။ အင်္ကျီအသားက အထူးကောင်းမွန်ပြီး အဖြူရောင်တောက်တောက် ကြယ်သီးတွေနဲ့ တကယ့်ကို စမတ်ကျစေနိုင်မယ့် White Shirt ပဲဖြစ်ပါတယ်။

A Bomber

Source: Fine Jacket

အဖြူရောင်ခရေဇီ အမျိုးသားတစ်ယောက်အတွက် တကယ့်ကို စိတ်တိုင်းကျသွားစေမယ့် ဂျာကင် စတိုင်ပဲ ဖြစ်ပါတယ်။ အပူအအေးကို ထိန်းညှိုပေးနိုင်တဲ့ ပိတ်စနဲ့ ချုပ်လုပ်ထားပြီး ရာသီမရွေး ၀တ်ဆင်နိုင် တဲ့ Flight Jacket ပဲဖြစ်ပါတယ်။

A Pair of Sneakers

 

Source: AN IVY

အဖြူရောင်ပုရိသများ အကြိုက် White Shoe တစ်ရံပဲ ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး စတိုင်ကျကျ နေတတ်တဲ့ အမျိုးသားများကတော့ သေချာပေါက် ရွေးချယ်ကြမှာ ပါပဲ။

A Backpack  White

Source: lyst.ca

ရုံးသွားလျင်ဖြစ်စေ၊ ကျောင်းသွားလျင်ဖြစ်စေ သန့်ပြန့်ပြီးစတိုင်ကျ နေစေဖို့အတွက် White Men တွေ အကြိုက် အဖြူရောင်ကျောပိုးအိတ်ပဲ ဖြစ်ပါတယ်။ အဖြူသက်သက်မဟုတ်ပဲ ဇစ်တွေကို အနက်ရောင်တွေသုံး ထားတဲ့ အတွက် ပိုမို ခန့်ညားစေမှာ အမှန်ပါပဲ။