တက်တူးချစ်သူတွေ အချင်းချင်း လက်ဆင့်ကမ်းပြောလာတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ “တက်တူးထိုးမယ်ဆိုရင် တက်တူးအကြီးသာထိုးပစ်လိုက်၊ တက်တူးသေးသေးလေးပဲ ထိုးမယ်ဆို ထိုးကို ထိုးမနေနဲ့တော့” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ အမှန်တကယ် အလိုက်ဖက်ဆုံးတက်တူးတွေကလည်း တက်တူးအကြီးကြီးတွေပဲဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ တက်တူးကို အမှန်တကယ် စွဲလမ်းနှစ်သက်တယ်၊ မြတ်နိုးတယ်၊ ကိုယ် ထိုးထားတဲ့တက်တူးအတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးဆိုတာ သေချာရင်တော့ တစ်ခါတည်း အနာခံပြီး တက်တူးအကြီးသာ ထိုးပစ်လိုက်ပါ။ တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ချက်အခိုင်အမာချပြီးသွားတဲ့အခါ ကိုယ် ထိုးချင်တဲ့နေရာကို တစ်ခါတည်း ဆုံးဖြတ်ထားရပါမယ်။

ကျယ်ကျယ်ပြန့်ပြန့် ကျောပြင်ပေါ်မှာ ထိုးချင်တာလား၊ ရင်အုပ်ကားကားပေါ်မှာ ထိုးချင်တာလား၊ လက်မောင်း (သို့) လက်ဖျံမှာ ထိုးချင်တာလားဆိုတာကို သေချာဆုံးဖြတ်ရပါမယ်။ စာရေးသူတို့နိုင်ငံမှာကတော့ မျက်နှာနဲ့ လည်ပင်းနေရာတွေမှာ တက်တူးထိုးတာ ခေတ်မစားသေးပါဘူး။ အင်မတန်ရှားပါတယ်။ အထိုးအများဆုံးနေရာတွေကတော့ ရင်အုပ်၊ လက်မောင်းနဲ့ ကျောပြင်တို့ပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာ တက်တူးအကြီးကြီးထိုးချင်တဲ့ တက်တူးချစ်သူတွေအတွက် ဖော်ပြပေးချင်တာကတော့ လက်မောင်းရင်းကနေ လက်ကောက်ဝတ်အထိ ထိုးလို့ရတဲ့ အမိုက်စားတက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ဒီဇိုင်းလေးတွေကို လေ့လာကြည့်ရင်း ကိုယ့်အကြိုက်ဆုံး ပုံတစ်ပုံကို ရွေးချယ်လိုက်ပါ။

မိမိရဲ့ ရဲစွမ်းသတ္တိရှိကြောင်းကို ဖော်ပြချင်တယ်ဆိုရင် ကျားပုံတက်တူးကို လက်မောင်းတစ်ပြင်လုံးမှာ ထိုးထားလိုက်ပါ။

အရိုးခေါင်းပုံ တက်တူးတွေကလည်း တက်တူးချစ်သူတွေအကြား ရေပန်းစားတဲ့ ဒီဇိုင်းတစ်မျိုးပါပဲ။

3D တက်တူးကလည်း တကယ့်အစစ်လား အောက်မေ့ရလောက်အောင် အသက်ဝင်လွန်းလှပါတယ်။

ပုံချည်းပဲ သီးသန့်ထိုးရတာ ရိုးတယ်ဆိုရင် မိမိကြိုက်နှစ်သက်ရာ စာသားတစ်မျိုးမျိုးနဲ့ ရောပေါင်းထိုးပေးလိုက်ပါ။

ဝံပုလွေဆိုတဲ့ သားရဲတိရစ္ဆာန်ကလည်း ရဲရင့်ခြင်းကို ကိုယ်စားပြုတဲ့ သားရဲတစ်ကောင်ပါ။

တချို့တွေက နတ်သမီးက ကိုယ့်ကိုစောင့်ရှေက်အောင်ဆိုတဲ့ အယူနဲ့ တက်တူးထိုးကြတာလည်း ရှိပါတယ်။

တေးဂီတ ချစ်မြတ်နိုးသူများအတွက် အမိုက်စားတက်တူးဒီဇိုင်း

မြှားပုံတက်တူး

Harry Potter ဖန်များအတွက် အလန်းစားတက်တူး

အခြားအမိုက်စားတက်တူးဒီဇိုင်းများ

Source: thetrendspotter.net