ခုချိန်ဟာ အလွန်ကို ပူပြင်းတောက်လောင်တဲ့ အချိန်လို့ ပြောရမှာပါ။ နေရဲ့ အပူဒဏ်ဟာ လောင်မြိုက်နေတဲ့ အဆင့်ထိအောင် ရောက်နေတာမို့ နေ့လည်ခင်းတွေမှာ အပြင်ထွက်ရတဲ့သူတွေအတွက်တော့ တကယ်ကို စိုးရိမ်စရာအခြေအနေပါပဲ။ ဒီလောက်ပူပြင်းလှတဲ့ နွေနေ့လည်ခင်းတွေမှာ အပြင်ထွက်တော့မယ်ဆိုရင် ဘယ်လိုတွေ ပြုမူနေထိုင်သင့်တယ်လို့ ထင်ပါသလဲ။

နေရောင်ခြည်ရဲ့ ပူပြင်းလှတဲ့ အပူဒဏ်

Source: en.wikipedia.org

နေရောင်ခြည်ရဲ့ အပူဒဏ်ဟာ ဟိုးယခင်ကထက် တစတစ ပိုမိုဆိုးဝါးလို့ နေပါတယ်။ နေရဲ့ ပူလောင်မှုဒဏ်က နုငယ်တဲ့ ကလေးတွေ မဆိုထားနဲ့။ သာမန်လူကြီးကိုတောင် နေရထိုင်ရခက်စေပါတယ်။ နေလောင်ဒဏ်တွေရဲ့ ဆိုးဝါးမှုတွေဟာ ပူလောင်မှုတွေတင်မက ရောဂါတွေကိုလည်း သယ်ဆောင်လာပါသေးတယ်။

အရေပြားကင်ဆာ

Source: medicalnewstoday.com

အသားအရေပျက်စီးတာတွေကို ကာကွယ်ဖို့အတွက် နေရောင်ခြည်ကို ကာကွယ်လေ့ရှိကြပေမယ့် တကယ်တမ်းကျ အရေပြားကင်ဆာမဖြစ်ဖို့အတွက်ပါ နေရေင်ခြည်ကို ကာကွယ်သင့်တာပါ။ နေပူဒဏ်ခံရတာများလာတဲ့သူဟာ အရေပြားကင်ဆာဖြစ်ဖို့ အလားအလာပိုများပါတယ်။

အထူးသဖြင့် အသားဖြူတဲ့သူတွေ

Source: www.gq.com

အထူးသဖြင့် အသားဖြူတဲ့သူတွေဟာ နေရောင်ခြည်ဒဏ်ကို ခံနိုင်တဲ့ ရောင်ခြယ် (Melanin) နည်းပါးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကို ခုခံနိုင်စွမ်းနည်းပါးပါတယ်။ အကျိုးဆက်အနေနဲ့ အသားအရောင် ၊ မျက်လုံးအရောင် ၊ ဆံပင်အရောင်ဖျော့တော့သူတွေဟာ အခြားသူတွေထက် အရေပြားကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။ ကံကောင်းတာကတော့ အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အထိရောက်ဆုံးနည်းလမ်းကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်တာပါပဲ။