ပေါ်တူဂီကြယ်ပွင့် ကစားသမား ရော်နယ်ဒိုဟာ ဂျူဗီတပ်အသင်းမှာ တစ်လ ယူရို (၄.၅) သန်းခန့်ရရှိနေပါတယ်။ တစ်ဖက်မှာ ဘာစီလိုနာ တိုက်စစ်မူး မက်စီဟာ တစ်လ ယူရို (၈.၃) သန်းရရှိနေပြီး သူတို့နှစ်ယောက်ရဲ့ လစာငွေဟာ နှစ်ဆနီးပါးမျှကွာဟနေပါတယ်။

Source: Forbes

သူတို့နှစ်ယောက်ရဲ့လစာနှုန်းထားကို ပြင်သစ်နိူင်ငံက L’Equippe ဆိုတဲ့ သတင်းစာကဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း လစာအများဆုံးရရှိနေသည့် ကစားသမားနေရာမှာတော့ မက်စီက ထိပ်ဆုံးကဦးဆောင်နေပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် တစ်လလျှင် ယူရို (၈.၃) သန်းအထိရရှိနေပြီး လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

Source: Diffen

ဘာစီလိုနာအသင်းက အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ မက်စီနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေပြီး သဘောတူညီမှုရရှိပါက လစာနှုန်းထားမှာ ယခုထက်ပိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်း မှုများလည်းရှိနေသည်။

ဂျူဗီတပ်တိုက်စစ်မူး ရော်နယ်ဒိုကတော့ ယူရို (၄.၅) သန်းနဲ့ ဒုတိယနေမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားသည့် PSG အသင်းတိုက်စစ်မှူး နေမာက (၃) သန်းဖြင့် တတိယနေရာ ရပ်တည်လျက်ရှိသည်။

Source: AS English

သူတို့တွေရဲ့အောက်မှာတော့ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရီးဇ်မန်းနှင့် ဆွာရက်ဇ်က (၃) သန်းအောက်စီဖြင့် ပူးတွဲရပ်တည်နေပြီး ရီးယဲလ်အသင်းတောင်ပံကစားသမား ဘေးလ်နှင့် ဟာဇက်ကလည်း (၂.၅) သန်းစီရရှိနေသည်။

ပရီးမီးယားလိဂ်တွင် လစာအများဆုံးအဖြစ် မန်ယူအသင်းဂိုးသမား ဒီဂီယာက ယူရို (၁.၇၆) သန်း၊ ဘွန်ဒစ်လီဂါတွင် လစာအများဆုံးအဖြစ် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ကွင်းလယ်လူ ကော်တင်ဟိုက ယူရို(၁.၆၆)သန်းစီ ရရှိနေသည်။