ရေမွှေးပုလင်းကို ဘယ်လိုရွေးချယ်ဝယ်ယူသင့်သလဲ။ ရေမွှေးပုလင်း ဝယ်ယူတဲ့အခါ ရှောင်ရှားသင့်တဲ့ အချက်တချို့ရှိပါတယ်။ ထိုအချက်များကို ရှောင်ရှားနိုင်မှသာ သင့်အတွက် မှန်ကန်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ရေမွှေးပုလင်းကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။
ရေမွှေးပုလင်းအကြီး မဝယ်လိုက်ပါနဲ့
Photo Source: Overstock.com
သင့်ပိုက်ဆံကို ရေမွှေးဝယ်ယူခြင်းမှာ ရင်းနှီးမြှုပ်နှံလိုက်ခြင်း၊ အထူးသဖြင့် နာမည်ကြီးတံဆိပ်ရေမွှေးများ ဝယ်ယူခြင်းက ပိုက်ဆံအမြောက်အမြား ကုန်ဆုံးသွားခြင်းပါပဲ။ ဒါ့ကြောင့် ရေမွှေးပုလင်း မဝယ်ခင်မှာ နှစ်ကြော့ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။
ပထမအကြိမ်မှာကတည်းက ရေမွှေးပုလင်းအကြီး မဝယ်လိုက်ပါနဲ့။ အရင်ဦးဆုံး Tester အရင်ဆွတ်ကြည့်ပါ။ အချိန်အနည်းငယ် ကြာအောင် စောင့်ကြည့်ပြီးမှ ထိုရေမွှေးပုလင်းကို ဝယ်သင့်ပါတယ်။
လက်ကောက်ဝတ်ကို မပွတ်တိုက်လိုက်ပါနဲ့
Photo Source: Perfumehut
သင့်ရေမွှေးရနံ့ကို တနေကုန်ကြာရှည်ခံချင်တယ်ဆိုရင်တော့ လက်ကောက်ဝတ်နှစ်ဖက်ကို မပွတ်တိုက်လိုက်ပါနဲ့။ ထိုကဲ့သို့ ပွတ်တိုက်လိုက်ခြင်းအားဖြင့် သင့်ရေမွှေးရနံ့က ပြယ်သွားပါလိမ့်မယ်။
ရေမွှေးရနံ့ တစ်မျိုးတည်းကိုပဲ တစ်နှစ်လုံး မသုံးပါနဲ့
Photo Source: Louisvuitton.com
ရေမွှေးရနံ့ကို တစ်နှစ်ပတ်လုံး ဆွတ်ခြင်းက ပျင်းရိစရာကောင်းလှပါတယ်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးမျိုး ပြောင်းသွားသလိုပဲ သင့်ရဲ့ရေမွှေးရနံ့ကိုလည်း ရာသီအလိုက် ပြောင်းလဲအသုံးပြုခြင်းက သင့်အတွက် ဆွဲဆောင်မှု တိုးစေပါလိမ့်မ်ယ။
ရေမွှေးများကို အင်္ကျီပေါ်မဆွတ်ပါနဲ့
Photo Source: Thepeaklapel
အရောင်ဖျော့သော ချည်သားအင်္ကျီများပေါ်သို့ ရေမွှေးဆွတ်လိုက်ခြင်းက ထိုချည်သားအင်္ကျီပေါ်မှာ အရောင်များ စွန်းထင်းသွားပါလိမ့်မယ်။ ထိုနည်းတူစွာပဲ အရောင်ရင့်သော ချည်သားအင်္ကျီပေါ် ရေမွှေးဆွတ်လိုက်ခြင်းကလည်း ရေမွှေးအကွက်လိုက်ကြီး အင်္ကျီပေါ် ပေကျံသွားပါလိမ့်မယ်။
ရေမွှေးရနံ့ကို ချွေးနံ့နဲ့ မရောလိုက်ပါနဲ့
Photo Source: Thompsontee.com
ချွေးအရမ်းထွက်လို့ဆိုပြီး ချွေးထွက်နေတဲ့နေရာကို ရေမွှေးမဆွတ်လိုက်ပါနဲ့။ သင့်ဘေးနားက ဖြတ်သွားတဲ့သူတွေက သင့်ချွေးနံ့ကြောင့် နှာခေါင်းတရှုံ့ရှုံ့ဖြစ်သွားပါလိမ့်မယ်။ သင့်ရေမွှေးနံ့နဲ့ ချွေးနံ့တို့ ပေါင်းဆုံသွားတဲ့အခါ သင့်ကိုယ်နံ့က တော်တော်ပြင်းသွားပါလိမ့်မယ်။
အွန်လိုင်းကနေ မဝယ်ပါနဲ့
Photo Source: Timeout.com
ရနံ့များကို မဝယ်ခင်က သေချာစမ်းသပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အွန်လိုင်းပေါ်က ဝယ်မယ့်အစား ရေမွှေးဆိုင်မှာ ရနံ့များကို သေချာစမ်းသပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။ တကယ်လို့ အွန်လိုင်းပေါ်က မှာချင်တယ်ဆိုရင်တော့ သင် အသုံးပြုဖူးတဲ့ရနံ့မျိုးကိုသာ ဝယ်ယူသင့်ပါတယ်။
လက်ဝတ်လက်စားများပေါ် မပက်ဖြန်းပါနဲ့
Photo Source: Bulgari.com
လက်ဝတ်ရတနာများ၊ အထူးသဖြင့် ပုလဲများပေါ်သို့ ရေမွှေး မပက်ဖြန်းသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ရေမွှေးများမှာ အရောင်ချွတ်ပစ္စည်းများ ပါဝင်တဲ့အတွက်ကြောင့် အသားအရေပေါ် ဆွတ်တဲ့အခါ သင့်အသားအရေက ခံနိုင်ရည်ရှိပေမယ့် လက်ဝတ်လက်စားများ၊ အင်္ကျီများအပေါ် ပက်ဖြန်းလိုက်တဲ့အခါ အရောင်မှိန်သွားတတ်ပါတယ်။
ဒါတင်မကသေးပါဘူး။ မတူတဲ့ ရေမွှေးရနံ့များကို တပြိုင်နက်တည်း ဆွတ်ခြင်း၊ အင်တာဗျူး (သို့) မင်္ဂလာဆောင်တက်တဲ့အခါ အနံ့ပြင်းလွန်းသော ရေမွှေးရနံ့များ ဆွတ်ခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
Source: Scentbird.com