အင်တာဗျူး ဖြေရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပြီး မိမိတစ်ခါမျှ မမြင်ဖူးသော ပုဂ္ဂိုလ်များရှေ့တွင် မေးခွန်းများကို ဖြေဆိုရတာဖြစ်တဲ့အတွက်ကြောင့် စိတ်လှုပ်ရှားမှုများ၊ စိတ်ဖိစီးမှုများလည်း အလွန်များပါတယ်။ အင်တာဗျူး သွားဖြေတဲ့အခါ အရေးအကြီးဆုံးအချက်ကတော့ First Impression ပဲဖြစ်ပါတယ်။

သင့်ရဲ့ဝတ်ပုံစားပုံ သပ်ရပ်မှုရှိရဲ့လား၊ အင်္ကျီက တွန့်ကြေပြီး ဖရိုဖရဲဖြစ်နေသလားစတဲ့အချက်တွေကလည်း သင့်ရဲ့အင်တာဗျူးရမှတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။ ဒါဆိုရင် အင်တာဗျူး သွားဖြေတဲ့အခါ ဘယ်လိုဖက်ရှင်မျိုးကို ရှောင်ကြဉ်သင့်သလဲ၊ လိုက်နာသင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

မိမိခန္ဓာကိုယ်နဲ့ ကွက်တိကျသော အဝတ်အစားများကိုသာ ဝတ်ဆင်ပါ

man interview fashion

မိမိရဲ့ခန္ဓာကိုယ် ဆိုဒ်ထက် ပွယောင်းလွန်းသော အင်္ကျီများ (သို့) ကြပ်ထုပ်လွန်းသော အဝတ်အစားများက သင့်ကို သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် အခြားသူရဲ့အမြင်မှာလည်း မြင်ရဆိုးစေပါတယ်။

နက်ခ်တိုင် ဝတ်တဲ့အခါ

man interview fashion

သင့်အနေနဲ့ အနောက်တိုင်းဝတ်စုံပြည့် Formal ဖက်ရှင် ဝတ်မယ်လို့ ဆုံးဖြတ်တဲ့အခါ နက်ခ်တိုင်ရွေးချယ်မှုသည်လည်း အရေးပါပါတယ်။ နက်ခ်တိုင်အဆင်ကို ကြောင်ကြောင်ကျားကျား အဆင်မျိုးမရွေးဘဲ မျက်စိမရှုပ်စေမယ့် အရောင်အဆင်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

ဖက်ရှင်အသုံးအဆောင် အများအပြားဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

man interview fashion

ဖက်ရှင်အသုံးအဆောင်ပစ္စည်းအနေနဲ့ကတော့ နာရီကောင်းကောင်းတစ်လုံးလောက် ဝတ်ထားရင် အဆင်ပြေပါပြီ။ လက်ပတ်များ၊ ဖန်စီလက်စွပ်များဖြင့် ရှုပ်ရှုပ်ယှက်ယှက် ဝတ်ဆင်ထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဖိနပ်ကို သန့်ပြန့်နေအောင် တိုက်ချွတ်သွားပါ

man interview fashion

ရှူးဖိနပ် ဝတ်သွားမယ်ဆိုရင် သင့်ရဲ့ရှူးဖိနပ်ကို တောက်ပြောင်နေအောင် တိုက်ချွတ်သွားပါ။ သင့်ရဲ့အဝတ်အစားက သပ်ရပ်သန့်ရှင်းပြီး စမတ်ကျနေပေမယ့် ဖိနပ်က ညစ်ပတ်ပေရေနေမယ်ဆိုရင်တော့ First Impression ကျသွားပါလိမ့်မယ်။

ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လ်မျိုးကို ရှောင်ကြဉ်ပါ

man interview fashion

အင်တာဗျူးအတွက် အရမ်းကြီး Formal ဆန်သော ဖက်ရှင်မျိုးကို ဝတ်ဆင်သွားစရာ မလိုပါဘူး။ ဒါပေမဲ့လည်း ပေါ့ပေါ့ပါးပါးဖြစ်လွန်းသော ဖက်ရှင်စတိုင်လ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အင်တာဗျူး လုပ်မယ့်သူတွေက သင်နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် သင့် သူငယ်ချင်းတွေနဲ့ သွားလာတဲ့အခါ ဝတ်ဆင်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: Henrydavidsen.com