အခုမှ ဝယ်လာတဲ့ ရေမွှေး (သို့) အခုမှ လက်ဆောင်ရလာတဲ့ ရေမွှေးကို ဘယ်လိုဆွတ်ရမလဲဆိုတာ စဉ်းစားနေပါသလား။ သင်က ချိုင်းနံ့ပျောက်ဆေးကိုသာ တစိုက်မတ်မတ်သုံးလာခဲ့ရာမှ ယခုကျမှ ရေမွှေးပြောင်းသုံးဖို့ စိတ်ကူးနေပါသလား။

ဒါဆိုရင်တော့ ရေမွှေးမဆွတ်ခင်မှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချို့ကို ဝေမျှပေးလိုက်ရပါတယ်။

မိမိနဲ့ လိုက်ဖက်မယ့် ရေမွှေးကို ဘယ်လိုရွေးချယ်ရမလဲ

The Dos of Applying Perfumes for men

Photo Source: Fragrancex.com

သင် ဆွတ်တဲ့ရေမွှေးက သင့်ရဲ့စိတ်နေစိတ်ထား၊ အကျင့်စရိုက်ကို ထင်ဟပ်စေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သင် ဆွတ်လိုက်တဲ့ရေမွှေးကလည်း အခြားသူကို အနှောင့်အယှက်မဖြစ်စေဖို့ လိုအပ်ပါတယ်။ ရေမွှေးဆိုင်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ အရောင်းကောင်တာမှ ရောင်းသူများရဲ့အကူအညီကို ရယူပြီး မိမိနဲ့ အလိုက်ဖက်ဆုံးရနံ့ကို ရွေးဝယ်လိုက်ပါ။

ရေမွှေးဆွတ်တဲ့အခါ လိုက်နာသင့်တဲ့ အချက်များ

The Dos of Applying Perfumes for men

Photo source: Byrdie

သင့်အသားအရေအမျိုးအစားပေါ်လိုက်ပြီး ရေမွှေးဆွတ်ပုံဆွတ်နည်းများကလည်း ကွဲသွားပါလိမ့်မယ်။ တကယ်လို့ သင့်အသားအရေက အဆီပြန်တယ်ဆိုရင် ရေမွှေးကို အနည်းအကျဉ်းသာ ဆွတ်ပေးရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီပြန်တဲ့အသားအရေက ရေမွှေးရနံ့ကို အနံ့ပိုပြင်းစေလို့ပါပဲ။

တကယ်လို့ သင့်အသားအရေက ခြောက်သွေ့တဲ့အသားအရေဆိုရင်တော့ ရေမွှေးများများ ဆွတ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင် ဆွတ်လိုက်တဲ့ရေမွှေးရနံ့ကို သင့်အသားအရေက စုပ်ယူလိုက်လို့ပဲဖြစ်ပါတယ်။

ဘယ်အချိန်က ရေမွှေးဆွတ်ဖို့အကောင်းဆုံးအချိန်လဲ

The Dos of Applying Perfumes for men

ရေမွှေးဆွတ်ဖို့အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးပြီးချင်းအချိန်ပဲဖြစ်ပါတယ်။ ရေချိုးပြီးချိန်မှာ ချွေးပေါက်လေးများက ပွင့်နေတဲ့အတွက်ကြောင့် ရေမွှေးဆွတ်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကို ရေမွှေးရနံ့လေး စိမ့်ဝင်သွားပါလိမ့်မယ်။

ရေမွှေးရနံ့ တနေကုန်ခံဖို့အတွက် ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာ ရေမွှေးဆွတ်သင့်သလဲ

The Dos of Applying Perfumes for men

Photo Source: MensXP.com

ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာ ရေမွှေးဆွတ်သင့်သလဲဆိုတော့ နားရွက်အနောက်ဘက်၊ လက်ကောက်ဝတ်အတွင်းဘက်၊ ရင်ကြားနေရာ၊ လည်ပင်းအနောက်ပိုင်း၊ ဒူးအတွင်းပိုင်းနေရာတဝိုက်မှာ ရေမွှေးဆွတ်ပေးပါက သင့်ရေမွှေးရနံ့က တနေကုန်ခံပါလိမ့်မယ်။

Source: Scentbird.com