အိပ်စက်ခြင်းက လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာမှာ အနည်းဆုံး (၇) နာရီအိပ်စက်ပေးဖို့လိုအပ်ပြီး လုံလောက်တဲ့ အိပ်စက်ချိန်ရှိမှလည်း ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကောင်းမွန်စေမှာပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး အိပ်နေမိပြန်ရင်တော့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဒီဆောင်းပါးလေးမှာ လိုတာထက်ပိုအိပ်ရင် ဖြစ်လာနိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုပြောပြပေးချင်ပါတယ်။

Source : Shutterstock

အလွန်အကျွံအိပ်ခြင်းက စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ပုံမှန်အိပ်စက်ချိန်ထက်ကျော်လွန်ပြီး အိပ်ချိန်များနေမယ်ဆိုရင် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပင်ခြင်းဝေဒနာတွေကိုခံစားရနိုင်ပါတယ်။

အချိန်ကြာမြင့်စွာအိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်မှာနာကျင်မှုဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် အိပ်ချိန်များသူတွေဟာ နောက်ကျောနာကျင်ကိုက်ခဲခြင်း ခါးနာခြင်းစတဲ့ ဝေဒနာတွေကိုခံစားရလေ့ရှိပါတယ်။

အမျိုးသားကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန်များသူတွေမှာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်တဲ့ရောဂါတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုအရ တစ်နေ့ကို ၉ နာရီကနေ ၁၁ ကြား အိပ်သူတွေဟာ နှလုံးရောဂါနှင့်လေဖြတ်ခြင်းဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများပါတယ်။

Source : Shutterstock

အိပ်ချိန်များခြင်းရဲ့နောက်ထပ်ဆိုးကျိုးတစ်ခုက ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်။ ပုံမှန်အိပ်ချိန်ထက်ကျော်လွန်ပြီး အိပ်စက်လိုက်မယ်ဆိုရင် ဦးနှောက်နှင့် အာရုံကြောအပေါ်ကို သက်ရောက်မှုရှိစေပြီး ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်းကိုခံစားရနိုင်ပါတယ်။

အလွန်အကျွံအိပ်စက်ခြင်းက ခန္ဓာကိုယ် ကိုယ်အလေးချိန်တိုးလာစေပြီး အဝလွန်ခြင်းဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ၉ နာရီထက်ကျော်လွန်ပြီးအိပ်စက်သူတွေဟာ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်ကြသူတွေထက် (၂၁) ရာခိုင်နှုန်းပိုပြီး အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။