အရက်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ ပရိသတ်တွေ သိထားမှာပါ။ တစ်ချို့က ဆေးဖြစ်ဝါးဖြစ်ဆိုပြီး နည်းနည်းလေးသောက်ရင် ဘာမှမဖြစ်ဘူးလို့ ယူဆထားကြပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထိခိုက်မှုက အရက်ပမာဏ နည်းတာ၊ များတာနဲ့ မသက်ဆိုင်ပါဘူး။ အရက်က နည်းနည်းပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက် ခန္ဓာကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ ဆိုးကျိုးတွေရှိ နေပါတယ်။ ဒီနေ့ kwee page က အရက်သောက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အကြောင်း ပြောပြပေးသွားမှာပါ။

နှလုံး

Source: The Recovery Village

အရက်သောက်ခြင်းဟာ နှလုံးကို ထိခိုက်စေပါတယ်။ အရက်ကို အလွန်အကျွံ့သောက်သုံးပါက နှလုံးခုန်နှုန်းမမှန်တာ နှလုံးသွေးပို့မှုကို ထိခိုက်တာ၊ သွေးခဲတာ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ အရက်သောက်ခြင်းဟာ သွေးတိုးစေပါတယ်။ သွေးတိုးရှိတဲ့လူတွေအနေနဲ့ အရက်ကို ရှောင်ရှားဖို့ အကြံပေးပါရစေ။

အာရုံကြောစနစ်

Source: The Recovery Village at Palmer Lake

အရက်ကိုရေရှည်သောက်သုံးပါက အာရုံရှုပ်ထွေးတာ၊ သင်ယူမှုအားနည်းလာတာ၊ မှတ်ဉာဏ်စွမ်းရည်ထိခိုက်တာတွေဖြစ်လာစေပြီး အာရုံကြောစနစ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

အသည်း

Source: Daily Express

အရက်ကို သောက်သုံးမှု ကြာရှည်လာပါက အသည်းက ထိခိုက်လာပြီးနာတာရှည် အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာတွေက အရက်ရဲ့နောက်ဆက်တွဲဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ကတော့ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

အစာခြေစနစ်

Source: Austin-Gastroenterlolgy

အရက်က အစာခြေစနစ်ရဲ့ အာဟာရဖြိုခွဲမှု၊ စုပ်ယူမှု၊ ပို့ဆောင်မှု၊ သိမ်းဆည်းမှုတွေကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။

အရိုးကျန်းမာရေးထိခိုက်မယ်

Source: The Recovery Village1

အရက်သောက်သုံးခြင်းဟာ ရေရှည်မှာ ခန္ဓာကိုယ်အတွက်နဲ့ အရိုးကျန်းမာဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းကျသွားစေပါတယ်။ အရက်အလွန်အကျွံသောက်သုံးမှုက ကိုယ်တွင်းက ဗီတာမင် D ပမာဏကို ထိခိုက်စေနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို ကျဆင်းစေမှုကနေတဆင့် အရိုးပွတာ၊ အရိုးပါးတာမျိုးတွေခံစားရနိုင်ပါတယ်။