စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကြောင့် စိတ်ဖိစီးတာ လူမှုရေးပြဿနာကြောင့် စိတ်ဖိစီးတာ စဖြင့် အကြောင်းအရင်းအမျိုးမျိုး ရှိကြပါတယ်။ စိတ်ဖိစီးမှုက ရေတိုအတွက်ဆိုရင် သင့်အတွက် အကျိုးရှိစေပါတယ်။ ဥပမာ ဖိအားတွေကြောင့် အခက်အခဲတွေ ကျော်ဖြတ်နိုင်တာမျိုးပေါ့။ ဒါပေမယ့် မကြာခဏ စိတ်ဖိစီးနေရတယ်။ လွယ်လွယ်နဲ့လည်း စိတ်ဖိစီးမှုကို မထိန်းနိုင်ဘူးဆိုရင်တော့ အခြားကျန်းမာရေးပြဿနာတွေပါ ကြုံရနိုင်ပါတယ်။
စိတ်တိုလွယ်တာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ ခေါင်းကိုက်တာ၊ ညအိပ်မပျော်တာတွေက စိတ်ဖိစီးမှုရဲ့ ရောဂါလက္ခဏာတွေပါ။
ကိုယ်ခံအားစနစ်

Source: Blue Zones
နာတာရှည်စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ စိတ်ဖိစီးမှုခံစားနေရတဲ့လူတွေမှာ တုပ်ကွေး နဲ့ အအေးမိဖျားနာတာ စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေမြှင့်မားပါတယ်။ စိတ်ဖိစီးမှုက ဖျားတာ (သို့) အနာသက်သာခြင်းကိုလည်း နှောင့်နှေးစေပါတယ်။
နှလုံးရောဂါ

Source: ABC7
စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ စိတ်ဖိစီးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ကိုလက်စထရောကိုလည်း များစေပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးခြင်းကြောင့် နှလုံးထိခိုက်ပြီး (heart attack) သေဆုံးနိုင်ခြေ များတယ်လို့ သိရပါတယ်။
စိတ်ကျခြင်း

Source: Formula Swiss
စိတ်ဖိစီးမှုရဲ့နောက်ကွယ်မှာ စိတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဆီရိုတိုနင်၊ ဒိုပါမင်း၊ နော်အပီနက်ဖရင် စတာတွေကို ကမောက်ကမဖြစ်စေပါတယ်။ ကော်တီဆောဟော်မုန်းကိုလည်း မြင့်တက်လာစေပါတယ်။ ဒါတွေဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။
ခေါင်းကိုက်ခြင်း

Source: Oak Bay News
စိတ်ဖိစီးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းအုံခြင်း အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ သုတေသနတွေ့ရှိချက်တစ်ခုအရ စိတ်ဖိစီးမှုတစ်ခုခုကို ကြုံလိုက်ရပြီးချိန်မှာ ဖိစီးမှုလျော့ကျသွားရင်တောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို (၂၄) နာရီအတွင်း ခံစားရတတ်တယ်လို့ ဆိုပါတယ်။
