ပိန်ဖို့ကြိုးစားနေတဲ့ သူတွေအနေနဲ့ ဘယ်လိုပဲလေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ကိုင်နေပါစေ ကိုယ်အလေးချိန်ကျမသွားတဲ့ အဖြစ်မျိုးကြုံဖူးကြပါသလား။ခန္ဓာကိုယ် ကိုယ်အလေးချိန်ကျဖို့အတွက် လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ အနှစ်နှစ် အလလစားသောက်လာလို့ဖြစ်တည်နေတဲ့ ခန္ဓာကိုယ်ပေါ်ကအဆီတွေကို လေ့ကျင့်ခန်းတစ်ခုတည်းလုပ်ရုံနဲ့တော့ အလျင်အမြန် ဝိတ်ကျဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ဝိတ်ချဖို့ ကြိုးစားနေပေမယ့် ဝိတ်ကျမသွားတဲ့ အမှားလုပ်ရပ်တွေကို သတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) အစားအသောက်မှားယွင်းခြင်း

Source : Us Girls..Our Views – WordPress.com

လေ့ကျင့်ခန်းတော့ ပြင်းပြင်းထန်ထန်လုပ်နေပါရက် လေ့ကျင့်ခန်းလုပ်လို့ ပင်ပန်းသမျှကို အတိုးချစားသောက်နေမယ်ဆိုရင်တော့ ဝိတ်တော့မကျပါဘူး။ ကျန်းမာတဲ့ဖက်တီးလေးပဲ ဖြစ်လာမှာဖြစ်ပါတယ်။ ဝိတ်ချနေသူတစ်ယောက်အတွက် အစားအသောက်နေထိုင်မှုပုံစံတွေဟာ အရမ်းကိုအရေးပါပါတယ်။ အဆီ အဆိမ့်တွေနဲ့ အချိုများတဲ့ အစားအသောက်တွေရှောင်ပြီး အသားပြုတ်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် များများစားသုံးပေးဖို့လိုပါတယ်။မကြာခဏ ဗိုက်ဆာတတ်သူတွေအတွက် အဆာပြေအနေနဲ့ ကစီဓာတ်များတဲ့ ကစွန်းဥပြုတ် အဆီမပါတဲ့ ခရက်ကာတွေ လတ်ဆတ်တဲ့ သစ်သီးတွေကိုစားသုံးပေးရမှာဖြစ်ပါတယ်။

(၂) အိပ်စက်ချိန်မမှန်ခြင်း

Source : Pond5

အိပ်စက်ချိန်မမှန်ရင်လည်း သင့်ရဲ့ ခန္ဓာကိုယ် ကိုယ်အလေးချိန် လျော့ကျသွားမှာမဟုတ်ပါဘူး။ ဝိတ်ချနေသူတွေအနေနဲ့ မှန်ကန်တဲ့ အိပ်စက်မှုပုံစံ လုံလောက်တဲ့အိပ်စက်ချိန်တစ်ခု လိုအပ်တာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အိပ်စက်ချိန်ကိုဂရုစိုက်ပြီး ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပေးပါ။ အိပ်စက်မှုကို အနှောက်ယှက်ဖြစ်စေတဲ့ ဖုန်းနဲ့ အိုင်တီပစ္စည်းများအသုံးပြုခြင်း အိပ်ယာဝင်ခါနီး အစားစားခြင်းစတဲ့အချက်တွေကို ရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။

(၃) စိတ်ဖီးစီးမှုများခြင်း

Source : theissuesoflife.com

စိတ်ဖိစည်းမှုများခြင်းဟာ ကိုယ်အလေးချိန်တက်စေတဲ့ အဓိကတရားခံတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းဟာ သာမာန်ထက် အစားအသောက်စားချင်စိတ်ကိုပိုဖြစ်စေပြီး စားသလောက်လည်း ခန္ဓာကိုယ် ကိုယ်အလေးချိန်လိုက်ပြီး တိုးလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ချနေစဉ်ကာလအတွင်း ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှု နည်းပါးအောင် ပြုမူနေထိုင်သင့်ပါတယ်။

(၄) အလွယ်တကူလက်လျော့ခြင်း

Source : Pond5

ဝိတ်ချနေသူ ၁၀ ယောက်မှာ ၆ ယောက်လောက်က ကိုယ်ရဲ့ ဝိတ်ချနေတဲ့ အစီစဉ်တွေပေါ်မှာ စိတ်ဓာတ်ကျ ခြေကုန်လမ်းပန်းကျပြီး လက်လျော့တက်လိုက်ကြပါတယ်။ အဓိကကတော့ သင့်ကိုယ်သင် အားမရဖြစ်တာမျိုး ၊ တစ်ရက်ခြားတစ်ခါ ဝိတ်ချိန်ကြည့်တာမျိုး၊ ပင်ပန်းဆင်းရဲဓာတ်မခံနိုင်မျိုး စတာတွေဟာ သင့်ကိုအလွယ်တကူ စိတ်ဓာတ်ကျလက်လျော့စေချင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် You Tube မှာဝိတ်ချပြီး လှပသွားတဲ့သူတွေရဲ့ ဗီဒီယိုတွေကို စိတ်ဓာတ်ခွန်အားရစေဖို့ ကြည့်ပေးပါ။ ဘယ်အရာမဆိုဇွဲရှိရှိနဲ့လုပ်ရင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

(၅) စိတ်အလိုလိုက်ခြင်း

Source : Depositphotos

တစ်ပတ်လုံး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခဲ့တာပဲ ဒီတစ်ရက်လောက်တော့ နားလိုက်ပါဦးမယ် ၊ တစ်ရက်လောက်တော့စားလိုက်ပါဦး ဆိုတဲ့ ကိုယ့်ရဲ့စိတ်ကို အလိုလိုက်ခြင်းတွေ ပြုလုပ်နေမယ်ဆိုရင် ဘယ်တော့မှ ပိန်လာမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဝိတ်ချမှု အစီစဉ်ကိုသေချာဆွဲပြီး ၃ လဖြစ်စေ ၆ လဖြစ်စေ အဲ့ဒီအတောအတွင်းချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရမှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်က အစားအသောက် Page တွေ Like လုပ်ထားတဲ့ Food Blogger တွေရဲ့ အကောင့်တွေကို Unfollow လုပ်လိုက်ပါ။ စိတ်အလိုလုံးဝမလိုက်ဘဲ ကြိုးစားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။